သီတဂူဗုဒ္ဓတက္ကသိုလ် ပန္နက်တင်ပွဲ မလုပ်ရန် ကျွန်းလှမြို့နယ် အုပ်ချုပ်ရေးမှူး တားမြစ်

0
337

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်မှာ ပြုလုပ်မယ့် သီတဂူဗုဒ္ဓတက္ကသိုလ် ပန္နက်တင်ပွဲကို မလုပ်ရန် ကျွန်းလှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းလွင်က တားမြစ်လိုက်ပါတယ်။

15542005_629809023889001_1583377631953524396_n

ဒီဇင်ဘာလ ၅ ရက်နေ့က တားမြစ်လိုက်တာဖြစ်ပြီး သီတဂူဗုဒ္ဓတက္ကသိုလ် ပန္နက်တင်ပွဲရဲ့ မြေနေရာက မြေယာအရှုပ်အရှင်း အချင်းများနေတဲ့နေရာ ဖြစ်တဲ့အတွက် ပန္နက်တင်ပွဲကို ပယ်ဖျက်ပေးဖို့ ကျွန်းလှယ်မြို့နယ် အုပ်ချုပ်ရေးမှူးက စာထုတ်ခဲ့တာဖြစ်ပါတယ်။ သီတဂူဗုဒ္ဓတက္ကသိုလ် ပန္နက်တင်ပွဲနဲ့ အတူကျင်းပမယ့် ကျွန်းလှမြို့ နှစ် (၂၀)ပြည့်ပွဲတော်ကိုတော့ ကျင်းပခွင့်ပြုခဲ့ပေမယ့် အခုပန္နက်တင်ပွဲမလုပ်ရတဲ့အတွက် ကျွန်းလှမြို့ နှစ်(၂၀)ပြည့်ပွဲတော်ကိုလည်း ကျင်းပဖို့ ယာယီရပ်ဆိုင်းလိုက် တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးရွှေကျော်က MCN သတင်းဌာနကို ပြောပါတယ်။

ကျွန်းလှမြို့ နှစ်(၂၀)ပြည့်ပွဲတော်နဲ့အတူ သီတဂူဗုဒ္ဓတက္ကသိုလ် ပန္နက်တင်ပွဲ၊ လွတ်လပ်ရေးကျောက်တိုင် ဖွင့်ပွဲ၊ စာပေ ဟောပြောပွဲနဲ့ အားကစားပွဲတွေကိုပါ ပူးတွဲကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ ကျွန်းလှမြို့မှာ တည်ဆောက်နေတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်ကို သီတဂူဗုဒ္ဓတက္ကသိုလ် ဆရာတော်အရှင်ဉာဏိဿရရဲ့ လမ်းညွှန်မှုနဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)