အလဲဗင်းမီဒီယာရဲ့ မုံရွာသတင်းထောက်ဖြစ်သူ အသတ်ခံရ

0
332

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အလဲဗင်းမီဒီယာရဲ့ မုံရွာသတင်းထောက်ဖြစ်သူတစ်ဦး ဒီဇင်ဘာ ၁၂ ရက်နေ့ က အသတ်ခံခဲ့ရပါတယ်။

15492609_629786417224595_7386301301856820023_n

အလဲဗင်းမီဒီယာ မုံရွာသတင်းထောက်ဖြစ်သူ ကိုစိုးမိုးထွန်းဟာ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ခမရ(၁၆)အရှေ့ဖက် ပြည်ထောင်စုလမ်းဘေးမျာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဦးခေါင်းထိပ် ကွဲပြဲ ဒဏ်ရာ နှစ်ချက်၊ ၀ဲမျက်ခုံးကွဲပြဲဒဏ်ရာ တစ်ချက်နဲ့ မျက်နှာမှာ ဖူးယောင်ဒဏ်ရာတွေနဲ့အတူ အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးနေခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၁၀/၂၀၁၆ (ပ)၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းမိရေးအတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)