လူငယ်တွေ မျိုးဆက်ပွားကျန်းမာရေးအသိနည်းတာဟာ လူကြီးတွေရဲ့ မှားယွင်းတဲ့ အယူဆကြောင့်ဖြစ်

0
59

လူငယ်တွေ မျိုးဆက်ပွားကျန်းမာရေး အသိတွေ နည်းနေတာဟာ လူကြီးတွေရဲ့ မှားယွင်းတဲ့အတွေးအခေါ် အယူအဆတွေကြောင့် ဖြစ်တယ်လို့ စာရေးဆရာ ဆရာဝန်အဖွဲ့ကပြောပါတယ်။ ဒီသတင်းကို MCN သတင်း ထောက် အာကာထက်က ပေးပို့ထားပါတယ်။

ဒီနေ့ခေတ်မှာ အင်တာနက်လူမှုကွန်ရက် သတင်းမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်လာပြီး အသိပညာတွေ ကြွယ်ဝလာကြပေမယ့် လူငယ် တွေကြားမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပျံ့နှံ့မှုတွေကတော့ ထင်သလောက် တိုးတက်လာတာမရှိသေးဘူးလို့ စာရေးဆရာ ဆရာဝန်အဖွဲ့က က ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူလမ်းက မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာပြုလုပ်ခဲ့တဲ့ စာပေဆုရ စာရေးဆရာ ဆရာဝန်များဂုဏ်ပြုပွဲနဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆွေးနွေးပွဲမှာ အခုလိုပြောခဲ့တာပါ။

Soundbite – ဒေါက်တာဖြိုးသီဟ(တွဲဖက်အတွင်းရေးမှူး) စာရေးဆရာဆရာဝန်အဖွဲ့

ဒါ့အပြင် လူငယ်တွေရဲ့ အသိပညာ ဗဟုသုတရှာဖွေပုံက ခေတ်အနေအထားပေါ် မူတည်ပြီး ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် လူငယ်တွေကို ကျန်းမာရေးအသိပညာပေးရာမှာ ခေတ်ပေါ်နည်းပညာတွေကို အသုံးပြုပြီး အသိပညာပေးဖို့လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ကျန်းမာရေးအသိပညာနည်းပါးမှု ပြဿနာကလည်း တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ အားသွန်ခွန်စိုက် ပညာပေးဖို့လိုအပ်နေပြီး ပြည်သူလူထုကလည်း မှန်ကန်တဲ့ အသိပညာတွေကို ရှာဖွေလေ့လာဖို့ လိုအပ်တယ်လို့ ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)