စာသင္ေက်ာင္း ေဘးကင္းလုံၿခဳံေရး အစီအစဥ္ ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္မွာ စတင္ (႐ုပ္/သံ)

0
756

စာသင္ေက်ာင္း ေဘးကင္းလုံၿခဳံေရး အစီအစဥ္ေတြကုိ ရန္ကုန္ၿမဳိ႕ရဲ႕ ၿမိဳ႕နယ္ ၅ ၿမဳိ႕နယ္က စာသင္ေက်ာင္းေတြမွာ အသိပညာေပးတာေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ျမန္မာ့ရပ္ရြာလူထု ေဘးဒဏ္ခံနုိင္စြမ္း တုိးျမွင္႔ေရးစီမံခ်က္အေနနဲ႔ စာသင္ေက်ာင္း ေဘးကင္းလုံျခဳံေရးအစီအစဥ္ေတြကုိ ရန္ကုန္ၿမဳိ႕ရဲ႕ ၿမိဳ႕နယ္ ၅ ၿမဳိ႕နယ္က စာသင္ေက်ာင္း ၂၆ ေက်ာင္းမွာ စြမ္းေဆာင္ရည္ျမွင္႔တင္ေရး လုပ္ငန္းစဥ္ေတြနဲ႔အတူ အသိပညာေပးတာေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

နုိင္ဝင္ဘာလ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Panda Hotel မွာ ျမန္မာ႔ရပ္ရြာလူထု ေဘးဒဏ္ခံႏုိင္စြမ္း တုိးျမွင္႔ေရးစီမံခ်က္ စာသင္ေက်ာင္းေဘးကင္းလုံျခဳံေရး အစီအစဥ္မိတ္ဆက္ျခင္း အခမ္းအနားျပဳလုပ္ခဲ့တာပါ။

Soundbite မဆုအိနႏၵာ (ျမန္မာ႔ရပ္ရြာလူထု ေဘးဒဏ္ခံႏုိင္စြမ္း တုိးျမွင္႔ေရးစီမံခ်က္ တာဝန္ခံ)
Plan international Myanmar

ျမန္မာ့ရပ္ရြာလူထု ေဘးဒဏ္ခံႏုိင္စြမ္း တုိးျမွင့္ေရးစီမံခ်က္အေနနဲ႔ ရန္ကုန္တုိင္းေဒသႀကီးထဲက မဂၤေတာင္ညႊန္႔ၿမဳိ႕နယ္၊ လမ္းမေတာ္ၿမဳိ႕နယ္၊ လသာၿမိဳ႕နယ္၊ ဒလၿမိဳ႕နယ္နဲ႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ေတြက စာသင္ေက်ာင္း ၂၆ ေက်ာင္းမွာ အသိပညာေပး သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။

ဒီအစီအစဥ္ေတြကို ေက်ာင္းဖြင္႔ခ်ိန္ေတြအတြက္ ဖြံ႕ၿဖဳိးေရးအခ်ိန္ေတြမွာ သင္ၾကားျပသေပးသြားမွာျဖစ္ၿပီး ေက်ာင္းပိတ္ရက္ေတြမွာေတာ့ ရပ္ကြက္လူထုနဲ႔ ပူးေပါင္းသင္ၾကားျပသေပးသြားမွာလည္း ျဖစ္ပါတယ္။

Soundbite ေဒၚခင္မာေဆြ (ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္)
အေျခခံပညာဦးစီးဌာန(ရန္ကုန္တုိင္းေဒသႀကီးပညာေရးမွဴး႐ုံး)

ဒီအစီအစဥ္ေတြကို UNDP ကုလသမဂၢဖြံ႔ၿဖဳိးတုိးတက္မႈအစီစဥ္နဲ႔ ပညာေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနေတြက ဦးေဆာင္ၿပီး Plan international Myanmar ၊ Actionaid Myanmar တုိ႔ ပူးေပါင္းျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာသင်ကျောင်းဘေးကင်းလုံခြုံရေး အစီအစဉ် မြို့နယ် ၅ မြို့နယ်မှာ စတင်

စာသင်ကျောင်းဘေးကင်းလုံခြုံရေး အစီအစဉ်တွေကို ရန်ကုန်မြို့ရဲ့ မြို့နယ် ၅ မြို့နယ်က စာသင်ကျောင်းတွေမှာ အသိပညာပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးစီမံချက်အနေနဲ့ စာသင်ကျောင်း ဘေးကင်းလုံခြုံရေးအစီအစဉ်တွေကို ရန်ကုန်မြို့ရဲ့ မြို့နယ် ၅ မြို့နယ်က စာသင်ကျောင်း ၂၆ ကျောင်းမှာ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်တွေနဲ့အတူ အသိပညာပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နိုင်ဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ Panda Hotel မှာ မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးစီမံချက် စာသင်ကျောင်းဘေးကင်းလုံခြုံရေး အစီအစဉ်မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်ခဲ့တာပါ။

Soundbite မဆုအိနန္ဒာ (မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးစီမံချက် တာဝန်ခံ)
Plan international Myanmar

မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးစီမံချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မင်္ဂတောင်ညွှန့်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ဒလမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက စာသင်ကျောင်း ၂၆ ကျောင်းမှာ အသိပညာပေး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်တွေကို ကျောင်းဖွင့်ချိန်တွေအတွက် ဖွံ့ဖြိုးရေးအချိန်တွေမှာ သင်ကြားပြသပေးသွားမှာဖြစ်ပြီး ကျောင်းပိတ်ရက်တွေမှာတော့ ရပ်ကွက်လူထုနဲ့ ပူးပေါင်းသင်ကြားပြသပေးသွားမှာလည်း ဖြစ်ပါတယ်။

Soundbite ဒေါ်ခင်မာဆွေ (ဒုတိယညွှန်ကြားရေးမှူးချုပ်)
အခြေခံပညာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး)

ဒီအစီအစဉ်တွေကို UNDP ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီစဉ်နဲ့ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေက ဦးဆောင်ပြီး Plan international Myanmar ၊ Actionaid Myanmar တို့ ပူးပေါင်းပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)