ရြာသာႀကီးေဆး႐ုံရွိ ပုိင္ရွင္မဲ့ စိတ္ေရာဂါလူနာေတြကုိ ဘုရားဖူးပုိ႔ေပးမယ္

0
892

ရန္ကုန္တုိင္းေဒသႀကီး ရြာသာႀကီးရွိ စိတ္က်န္းမာေရး ေဆး႐ုံက ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ယဥ္ယဥ္ထြန္း ဦးေဆာင္ၿပီး စိတ္ပုိင္းဆုိင္ရာ လူမႈေရးဆုိင္ရာ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ထဲက အစီအစဥ္ တစ္ခုအေနနဲ႔ ေဆး႐ုံရွိ ပုိင္ရွင္မဲ့ လူနာေတြကုိ ဘုရားဖူးပုိ႔ေဆာင္ျခင္း၊ အေပ်ာ္ခရီး ပုိ႔ေဆာင္ျခင္းေတြကုိ ဝန္ထမ္းသူနာျပဳဆရာမေတြ ေစာင့္ၾကပ္ထိန္းကြပ္ၿပီး ႏုိဝင္ဘာလ ၁၅ ရက္ေန႔ ပို႔ေဆာင္ ေပးသြားမွာ ျဖစ္ပါတယ္။

အဲဒီလုိ ပုိ႔ေဆာင္ေပးရာမွာလည္း ရြာသာႀကီးေဆး႐ုံရွိ ေဆး႐ုံအုပ္ႀကီးအပါအဝင္ ဆရာ၀န္ေတြ၊ သူနာျပဳဆရာ၊ ဆရာမေတြနဲ႔ ျပန္လည္ထူေထာင္ေရး လုပ္ငန္းနည္းျပေတြ၊ လူမႈကူညီေရးအသင္း (သယၤန္းကြ်န္း) ရဲ႕ စုေပါင္းေငြေၾကးေတြနဲ႔အတူ ေျခာက္ႀကိမ္ေျမာက္ ပုိ႔ေဆာင္ေပးတာလည္း ျဖစ္ပါတယ္။

လာမယ့္ ႏုိဝင္ဘာလ ၁၅ ရက္ေန႔မွာ ေဆး႐ုံရွိ ေဆးကုသၾကာျမင့္ေနၿပီျဖစ္တဲ့ လူနာ ၁၂၀ ကုိ ပဲခူးၿမိဳ႕၊ ေရႊမုေဠာေစတီ၊ ေရႊသာေလ်ာင္းဘုရားႀကီးနဲ႔ ေရႊျပည္ အပန္းေျဖစခန္းကုိ ပု႔ိေဆာင္ေပးသြားမွာျဖစ္သလုိ ရန္ကုန္ရွိ ေရႊတိဂုံဘုရား၊ ကမာၻေအးေစတီ၊ စြယ္ေတာ္ျမတ္ေစတီတို႔ကုိလည္း ပုိ႔ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွာသာကြီးဆေးရုံရှိ ပိုင်ရှင်မဲ့ စိတ္တဇလူနာတွေကို ဘုရားဖူးပို့ပေးမယ်

ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးရှိ စိတ်ကျန်းမာရေး ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ ယဉ်ယဉ်ထွန်း ဦးဆောင်ပြီး စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ထဲက အစီအစဉ် တစ်ခုအနေနဲ့ ဆေးရုံရှိ ပိုင်ရှင်မဲ့ လူနာတွေကို ဘုရားဖူးပို့ဆောင်ခြင်း၊ အပျော်ခရီး ပို့ဆောင်ခြင်းတွေကို ဝန်ထမ်းသူနာပြုဆရာမတွေ စောင့်ကြပ်ထိန်းကွပ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ ပို့ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီလို ပို့ဆောင်ပေးရာမှာလည်း ရွာသာကြီးဆေးရုံရှိ ဆေးရုံအုပ်ကြီးအပါအဝင် ဆရာဝန်တွေ၊ သူနာပြုဆရာ၊ ဆရာမတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းနည်းပြတွေ၊ လူမှုကူညီရေးအသင်း (သင်္ယန်းကျွန်း) ရဲ့ စုပေါင်းငွေကြေးတွေနဲ့အတူ ခြောက်ကြိမ်မြောက် ပို့ဆောင်ပေးတာလည်း ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဆေးရုံရှိ ဆေးကုသကြာမြင့်နေပြီဖြစ်တဲ့ လူနာ ၁၂၀ ကို ပဲခူးမြို့၊ ရွှေမုဠောစေတီ၊ ရွှေသာလျောင်းဘုရားကြီးနဲ့ ရွှေပြည် အပန်းဖြေစခန်းကို ပို့ဆောင်ပေးသွားမှာဖြစ်သလို ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ ကမ္ဘာအေးစေတီ၊ စွယ်တော်မြတ်စေတီတို့ကိုလည်း ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)