
1
737




>>>>>>>>>>>>>>>>>>>>>>>>>>>>

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) ဖွဲ့စည်းရေး သဘောတူညီပေးဖို့ သမ္မတ ဦးဝင်းမြင့်က လွှတ်တော်ကို နိုဝင်ဘာ ၁၂ ရက်နေ့က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ထိရောက်စွာ မြှင့်တင်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် မထိခိုက်စေဖို့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ဖွံ့ဖြိုးရေး စတာတွေအတွက် အဲဒီဝန်ကြီးဌာနကို ဖွဲ့စည်းဖို့ လိုနေတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးသောင်းထွန်းကို ခန့်အပ်ဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.