“မုန္းစြဲ” ႐ုပ္ရွင္ ျမန္မာနဲ႔ စင္ကာပူမွာ တစ္ၿပိဳင္တည္း ႐ံုတင္မယ္

0
735

“မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားကို လာမယ့္ ႏိုဝင္ဘာလ ၁၆ ရက္ေန႔မွာ ျမန္မာႏိုင္ငံနဲ႔ စင္ကာပူႏိုင္ငံတို႔မွာ တစ္ၿပိဳင္တည္း ႐ံုတင္ျပသမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ျမန္မာနဲ႔ စင္ကာပူႏိုင္ငံတို႔ တစ္ၿပိဳင္နက္ ျပခြင့္ရတဲ့ ပထမဆံုး ျမန္မာဇာတ္ကားလည္း ျဖစ္ပါတယ္။

7TH Sense ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါ႐ိုက္တာ ၾသရသ ႐ိုက္ကူးတဲ့ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားမွာ ေနတိုး၊ ေက်ာ္ေက်ာ္ဗိုလ္၊ မင္းေသြး၊ ေဖြးေဖြး၊ ေအးဝတ္ရည္ေသာင္းနဲ႔ တျခား အႏုပညာရွင္ေတြ ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ စာနယ္ဇင္း အႀကိဳမိတ္ဆက္ပြဲကို ရန္ကုန္ၿမိဳ႕၊ ဂ်န္းရွင္း စီးတီးမွာ ႏိုဝင္ဘာလ ၉ ရက္ေန႔က ျပသခဲ့ပါတယ္။

“မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားဟာ ဆရာေတာ္ အရွင္ ဆႏၵာဓိက ေဟာၾကားတဲ့ ျဖစ္ရပ္မွန္ တရားေတာ္တစ္ပုဒ္ကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အမုန္းေတြနဲ႔ ၾကမ္းတမ္းတဲ့ဘဝ၊ တရားနဲ႔ အမုန္းတရားေတြကို အစြဲျဖဳတ္ခ်ႏိုင္တဲ့ ရဟန္းဘဝေတြကို ပံုေဖာ္႐ိုက္ကူးထားတဲ့ ပညာေပး ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“မုန်းစွဲ” ရုပ်ရှင် မြန်မာနဲ့ စင်ကာပူမှာ တစ်ပြိုင်တည်း ရုံတင်မယ်

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကို လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ တစ်ပြိုင်တည်း ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မြန်မာနဲ့ စင်ကာပူနိုင်ငံတို့ တစ်ပြိုင်နက် ပြခွင့်ရတဲ့ ပထမဆုံး မြန်မာဇာတ်ကားလည်း ဖြစ်ပါတယ်။

7TH Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ သြရသ ရိုက်ကူးတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ တခြား အနုပညာရှင်တွေ ပါဝင် သရုပ်ဆောင်ထားပါတယ်။ စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဂျန်းရှင်း စီးတီးမှာ နိုဝင်ဘာလ ၉ ရက်နေ့က ပြသခဲ့ပါတယ်။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားဟာ ဆရာတော် အရှင် ဆန္ဒာဓိက ဟောကြားတဲ့ ဖြစ်ရပ်မှန် တရားတော်တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမုန်းတွေနဲ့ ကြမ်းတမ်းတဲ့ဘဝ၊ တရားနဲ့ အမုန်းတရားတွေကို အစွဲဖြုတ်ချနိုင်တဲ့ ရဟန်းဘဝတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ပညာပေး ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)