ထုိင္းမွာ အဖမ္းအဆီးေတြေၾကာင့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ ေနရပ္ျပန္မႈ မ်ားျပားလာ

0
804

ထုိင္းႏိုင္ငံ ဥပေဒသစ္ရဲ႕ အဖမ္းအဆီးေတြေၾကာင့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ ေနရပ္ျပန္လည္ ဝင္ေရာက္လာမႈ မ်ားျပားေနၿပီး ႏိုဝင္ဘာလအတြင္း ျမဝတီၿမိဳ႕ကုိ ျပန္လည္ဝင္ေရာက္လာသူ ၁ ေထာင္ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း ျမဝတီၿမိဳ႕ အလုပ္သမားညႊန္ၾကားေရး ဦးစီးဌာနရဲ႕ စာရင္းေတြက ေဖာ္ျပပါတယ္။

ထိုင္းႏိုင္ငံကုိ ေရာက္ရွိေနတဲ့ အေထာက္အထားမဲ့ ျမန္မာလုပ္သားေတြက ထုိင္းႏိုင္ငံကေန ျမန္မာႏုိင္ငံ နယ္စပ္ဂိတ္ေပါက္ အသီးသီးက ျပန္လည္ဝင္ေရာက္လာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ တစ္ရက္တည္းမွာပင္ ျမဝတီၿမိဳ႕ အလုပ္သမား ညႊန္ၾကားေရးဦးစီးဌာန ေက်ာက္လုံးႀကီးစခန္းကုိ ျပန္လည္ ဝင္ေရာက္လာတဲ့ စာရင္းေတြအရ ေရႊ႕ေျပာင္းအလုပ္သမား ၄၈၃ ဦး ရွိခဲ့ၿပီျဖစ္ပါတယ္။

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အေထာက္အထား မျပည့္စုံဘဲ ေရာက္ရွိေနတဲ့ လုပ္သားေတြအေနနဲ႔ ေနရပ္ျပန္လုိပါက ႏွစ္ႏိုင္ငံအစိုးရ ညွိႏိႈင္းမႈနဲ႔ ဖြင့္လွစ္ထားတဲ့ နယ္စပ္စခန္းေတြ၊ ႏွစ္ႏိုင္ငံ နယ္စပ္ဂိတ္ေတြ ကေနတဆင့္ ေနရပ္ျပန္နုိင္မွာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာ အဖမ်းအဆီးတွေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်မှု များပြားလာ

ထိုင်းနိုင်ငံ ဥပဒေသစ်ရဲ့ အဖမ်းအဆီးတွေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်လည် ဝင်ရောက်လာမှု များပြားနေပြီး နိုဝင်ဘာလအတွင်း မြဝတီမြို့ကို ပြန်လည်ဝင်ရောက်လာသူ ၁ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း မြဝတီမြို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ နယ်စပ်ဂိတ်ပေါက် အသီးသီးက ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပင် မြဝတီမြို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျောက်လုံးကြီးစခန်းကို ပြန်လည် ဝင်ရောက်လာတဲ့ စာရင်းတွေအရ ရွှေ့ပြောင်းအလုပ်သမား ၄၈၃ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ အထောက်အထား မပြည့်စုံဘဲ ရောက်ရှိနေတဲ့ လုပ်သားတွေအနေနဲ့ နေရပ်ပြန်လိုပါက နှစ်နိုင်ငံအစိုးရ ညှိနှိုင်းမှုနဲ့ ဖွင့်လှစ်ထားတဲ့ နယ်စပ်စခန်းတွေ၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ ကနေတဆင့် နေရပ်ပြန်နိုင်မှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)