ဘယ္ဒုကၡသည္ကိုမွ အတင္းအဓမၼ ျပန္ပို႔ျခင္း မရွိေၾကာင္း ဘဂၤလားေဒ့ရွ္ ေျပာ

0
719

ဆႏၵအေလ်ာက္ ေနရပ္ျပန္လိုျခင္း ရွိ၊ မရွိ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) ကို အသိေပးျခင္း မရွိဘဲ ဘယ္ဘဂၤါလီ ဒုကၡသည္မွ ေနရပ္ျပန္ပို႔ဖို႔ မစီစဥ္ခဲ့ဘူးလို႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ေျပာပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔ သေဘာတူထားတဲ့ ေနရပ္ျပန္ပို႔မယ့္ ဘဂၤါလီ ဒုကၡသည္စာရင္းကို စံႏႈန္းနဲ႔ တိုင္းတာဖို႔ ေအာက္တိုဘာ လကုန္မွာ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ UNHCR တို႔ နားလည္မႈ စာခြ်န္လႊာ (MoU) ေရးထိုးထားၿပီးျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

သူတို႔ မူဝါဒက ဘဂၤါလီ ဒုကၡသည္ေတြကို အတင္းအဓမၼ ေနရပ္ျပန္ပို႔ဖို႔ မဟုတ္ေၾကာင္း၊ ေနရပ္ျပန္လိုတယ္ဆိုတာ ဘဂၤါလီ ဒုကၡသည္တစ္ဦးခ်င္းစီရဲ႕ ဆံုးျဖတ္ခ်က္ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ အေရွ႕ေတာင္အာရွဆိုင္ရာ အေထြေထြ ညႊန္ၾကားေရးမွဴး ဒယ္လ္ဝါ ဟူစိန္က ဘီနာနယူးစ္ သတင္းဌာနကို ေျပာပါတယ္။

ျမန္မာအစိုးရက စိစစ္ၿပီး ျပန္ပို႔လိုက္တဲ့ ေနရပ္ျပန္မယ့္ ဘဂၤါလီ စာရင္းကို ေအာက္တိုဘာလ ၂၈ ရက္ေန႔မွာ MoU အရ UNHCR ကို ေပးပို႔ထားၿပီး ျဖစ္ေၾကာင္း၊ ဒါေပမယ့္ UNHCR က ဘာမွ အေၾကာင္းျပန္ၾကားျခင္း မရွိေၾကာင္းလည္း အယ္လ္ဝါ ဟူစိန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘယ်ဒုက္ခသည်ကိုမှ အတင်းအဓမ္မ ပြန်ပို့ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

ဆန္ဒအလျောက် နေရပ်ပြန်လိုခြင်း ရှိ၊ မရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို အသိပေးခြင်း မရှိဘဲ ဘယ်ဘင်္ဂါလီ ဒုက္ခသည်မှ နေရပ်ပြန်ပို့ဖို့ မစီစဉ်ခဲ့ဘူးလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားတဲ့ နေရပ်ပြန်ပို့မယ့် ဘင်္ဂါလီ ဒုက္ခသည်စာရင်းကို စံနှုန်းနဲ့ တိုင်းတာဖို့ အောက်တိုဘာ လကုန်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးထားပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သူတို့ မူဝါဒက ဘင်္ဂါလီ ဒုက္ခသည်တွေကို အတင်းအဓမ္မ နေရပ်ပြန်ပို့ဖို့ မဟုတ်ကြောင်း၊ နေရပ်ပြန်လိုတယ်ဆိုတာ ဘင်္ဂါလီ ဒုက္ခသည်တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ အထွေထွေ ညွှန်ကြားရေးမှူး ဒယ်လ်ဝါ ဟူစိန်က ဘီနာနယူးစ် သတင်းဌာနကို ပြောပါတယ်။

မြန်မာအစိုးရက စိစစ်ပြီး ပြန်ပို့လိုက်တဲ့ နေရပ်ပြန်မယ့် ဘင်္ဂါလီ စာရင်းကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ MoU အရ UNHCR ကို ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် UNHCR က ဘာမှ အကြောင်းပြန်ကြားခြင်း မရှိကြောင်းလည်း အယ်လ်ဝါ ဟူစိန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)