
0
927





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ဒုက္ခသည် တစ်ချို့ စခန်းထဲကနေ ထွက်ပြေး

မကြာခင် နေရပ်ပြန်ဖို့ စီစဉ်ထားတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေထဲက တစ်ချို့ မိသားစုတွေဟာ ဒုက္ခသည်စခန်းထဲကနေ ထွက်ပြေးတာတွေ ရှိတယ်လို့ ဘင်္ဂါလီ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဂျမ်တိုလီ ဒုက္ခသည်စခန်းက ဘင်္ဂါလီ ဆောင်းခေါင် အဗ္ဗဒူ စလမ်က စာရင်းထဲမှာ ပါတဲ့သူတွေ နေရပ်ပြန်ပို့တာ ရှောင်ရှားဖို့ ထွက်ပြေးသွားတာ ဖြစ်ကြောင်း၊ တခြား ဒုက္ခသည်စခန်းက ထွက်ပြေးသူတွေလည်း ရှိကြောင်း Reuters သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဘယ်ဒုက္ခသည်တွေကိုမှ အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခြင်း မရှိကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ နေရပ်ပြန်မယ့်စာရင်းပါ ဒုက္ခသည်တွေ ဆန္ဒအလျောက် ပြန်လိုခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ကြောင်း ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားတဲ့ ဘင်္ဂါလီ ၂၂၆၀ ထဲကနေ တစ်သုတ်စီ စတင်လက်ခံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)