
0
634





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ဆု AI ပြန်ရုပ်သိမ်း

ဘင်္ဂါလီအရေးမှာ လျစ်လျူရှုတယ်ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ လူ့အခွင့်အရေးဆုကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

လန်ဒန် အခြေစိုက် AI အဖွဲ့က ၂၀ဝ၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ် ပေးအပ်ခဲ့တဲ့ Ambassador of Conscience Award ကို ပြန်ရုပ်သိမ်းကြောင်း မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မျော်လင့်ချက်၊ အင်အားဖြစ်စေတဲ့ သင်္ကေတ၊ လူ့အခွင့်အရေးကို ကာကွယ်နေတဲ့သူ မဟုတ်တော့ကြောင်း AI ရဲ့ အကြီးအကဲ ကူမီ နိုင်ဒူးက ပြောပါတယ်။ AI အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆုပြန်ရုပ်သိမ်းကြောင်း အကြောင်းကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)