ဘဂၤလားေဒ့ရွ္ဘက္ သြားဖို႔ တစ္ဦးလွ်င္ ေလွခ က်ပ္ ၅ ေသာင္း ေပးရ

0
328

ဘဂၤလားေဒ့ရွ္ဘက္ကို စားဝတ္ေနေရး အခက္အခဲေၾကာင့္ သြားေရာက္ခ်င္တာ ျဖစ္ၿပီး၊ အဲဒီကို သြားဖို႔ တစ္ဦးလွ်င္ ေလွခ က်ပ္ ၅ ေသာင္း ေပးရတယ္လို႔ ထြက္ခြာဖို႔ ျပင္ဆင္ေနၾကတဲ့ မြတ္စလင္ေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြကို အခ်ိန္နဲ႔ တေျပးညီ သတင္းထုတ္ျပန္ႏိုင္ေရး ျပန္ၾကားဝန္ႀကီး ေဒါက္တာ ေဖျမင့္ ဦးေဆာင္တဲ့ မီဒီယာအဖြဲ႔ကို ေမာင္ေတာၿမိဳ႕နယ္၊ အလယ္သံေက်ာ္ ေက်းရြာအနီး ကမ္းေျခမွာ တစ္ဖက္ႏိုင္ငံသို႔ သြားဖို႔ ျပင္ဆင္ေနတဲ့သူေတြက ေျပာတာ ျဖစ္ပါတယ္။

ေလွေစာင့္ေနစဥ္ ကာလအတြင္း ျပည္နယ္အစိုးရ အစီအစဥ္နဲ႔ စားနပ္ရိကၡာနဲ႔ ေဆးဝါးကုသေပးမႈကို လက္ခံရရွိေၾကာင္းလည္း ထြက္ခြာဖို႔ ျပင္ေနတဲ့ မြတ္စလင္ေတြက ေျပာပါတယ္။ ေနရပ္ျပန္လိုရင္ လိုအပ္တာေတြ ပံ့ပိုးေပးမယ္လို႔ ေျပာခဲ့ေပမယ့္ တစ္ဖက္ႏိုင္ငံကိုသာ သြားလိုတဲ့အတြက္ ေစာင့္ဆိုင္းေနတာလို႔ မြတ္စလင္ေတြက ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ဘက် သွားဖို့ တစ်ဦးလျှင် လှေခ ကျပ် ၅ သောင်း ပေးရ

ဘင်္ဂလားဒေ့ရှ်ဘက်ကို စားဝတ်နေရေး အခက်အခဲကြောင့် သွားရောက်ချင်တာ ဖြစ်ပြီး၊ အဲဒီကို သွားဖို့ တစ်ဦးလျှင် လှေခ ကျပ် ၅ သောင်း ပေးရတယ်လို့ ထွက်ခွာဖို့ ပြင်ဆင်နေကြတဲ့ မွတ်စလင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး ပြန်ကြားဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ မီဒီယာအဖွဲ့ကို မောင်တောမြို့နယ်၊ အလယ်သံကျော် ကျေးရွာအနီး ကမ်းခြေမှာ တစ်ဖက်နိုင်ငံသို့ သွားဖို့ ပြင်ဆင်နေတဲ့သူတွေက ပြောတာ ဖြစ်ပါတယ်။

လှေစောင့်နေစဉ် ကာလအတွင်း ပြည်နယ်အစိုးရ အစီအစဉ်နဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသပေးမှုကို လက်ခံရရှိကြောင်းလည်း ထွက်ခွာဖို့ ပြင်နေတဲ့ မွတ်စလင်တွေက ပြောပါတယ်။ နေရပ်ပြန်လိုရင် လိုအပ်တာတွေ ပံ့ပိုးပေးမယ်လို့ ပြောခဲ့ပေမယ့် တစ်ဖက်နိုင်ငံကိုသာ သွားလိုတဲ့အတွက် စောင့်ဆိုင်းနေတာလို့ မွတ်စလင်တွေက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)