ဘဂၤလားေဒ့ရွ္ဘက္ ထြက္ခြာမယ့္ မြတ္စလင္ေတြဆီ သြားေရာက္ သတင္းယူ

0
361

ဘဂၤလားေဒ့ရွ္ နယ္စပ္ရွိ ဒုကၡသည္စခန္းေတြဆီ သြားေရာက္ဖို႔ ျပင္ေနတဲ့ မြတ္စလင္ေတြဆီ ျမန္မာႏိုင္ငံ အေျခစိုက္ ျပည္ပ သတင္းဌာနက ဂ်ာနယ္လစ္ေတြက မေန႔က ႏိုဝင္ဘာ ၁၂ ရက္ေန႔မွာ သြားေရာက္ ေတြ႔ဆံု ေမးျမန္းခဲ့ၾကပါတယ္။

အလယ္သံေက်ာ္ ေက်းရြာအနီး ပင္လယ္ကမ္းေျခမွာ ေရာက္ရွိေနတဲ့ မြတ္စလင္ ၂ ေထာင္ေက်ာ္၊ မိႈဝင္ ေခ်ာင္းဝနဲ႔ ေဂၚဒူသာရ ေခ်ာင္းဝၾကား ပင္လယ္ကမ္းေျခမွာ ေရာက္ေနတဲ့ မြတ္စလင္ ၇၀ ေက်ာ္တို႔ကို သြားေရာက္ ေတြ႔ဆံုၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ခြာရတဲ့ အေၾကာင္းကိစၥနဲ႔ ပတ္သက္ၿပီး ေမးျမန္း သတင္းယူၾကတာ ျဖစ္ပါတယ္။

သတင္းေထာက္ေတြ သိလိုတဲ့ အခ်က္ေတြကိုလည္း ကြယ္ကြယ္ေရး ဦးစီးခ်ဳပ္ (ၾကည္း) ျပည္သူ႔ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ညႊန္ၾကားေရးမႉး႐ံုး ဒု ညႊန္ၾကားေရးမႉး ဗိုလ္မႉးခ်ဳပ္ ေအးလြင္နဲ႔ နယ္ေျမလံုၿခံဳေရး တာဝန္ထမ္းေဆာင္ေနတဲ့ ဒု ရဲမႉး ျမင့္ေက်ာ္တို႔က ေျဖၾကားပါတယ္။
………………….. ။ ။ ……………………….

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာမယ့် မွတ်စလင်တွေဆီ သွားရောက် သတင်းယူ

ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ဖို့ ပြင်နေတဲ့ မွတ်စလင်တွေဆီ မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ သတင်းဌာနက ဂျာနယ်လစ်တွေက မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။

အလယ်သံကျော် ကျေးရွာအနီး ပင်လယ်ကမ်းခြေမှာ ရောက်ရှိနေတဲ့ မွတ်စလင် ၂ ထောင်ကျော်၊ မှိုဝင် ချောင်းဝနဲ့ ဂေါ်ဒူသာရ ချောင်းဝကြား ပင်လယ်ကမ်းခြေမှာ ရောက်နေတဲ့ မွတ်စလင် ၇၀ ကျော်တို့ကို သွားရောက် တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ခွာရတဲ့ အကြောင်းကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း သတင်းယူကြတာ ဖြစ်ပါတယ်။

သတင်းထောက်တွေ သိလိုတဲ့ အချက်တွေကိုလည်း ကွယ်ကွယ်ရေး ဦးစီးချုပ် (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒု ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အေးလွင်နဲ့ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ဒု ရဲမှူး မြင့်ကျော်တို့က ဖြေကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)