ေရွ႕ေနေဒၚခင္ခင္ေက်ာ္နဲ႔ ကုိသန္းထုိက္တုိ႔ကုိ ခၽြင္းခ်က္မရွိ လႊတ္ေပးဖုိ႔ တက္ၾကြလႈပ္ရွားသူေတြ ေတာင္းဆုိ (႐ုပ္/သံ)

0
1143

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္ခင္ေက်ာ္နဲ႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ (ဗဟိုလုပ္ငန္းေကာ္မတီ၀င္ေဟာင္း) ကိုသန္းထိုက္တို႔ လႊတ္ေပးေရး အရပ္ဘက္အဖြဲ႔အစည္းေတြ ဆႏၵျပေတာင္းဆိုလိုက္ပါတယ္။

ဦးသိန္းစိန္အစိုးရလက္ထက္ လက္ပံတန္း သပိတ္မွာ ေက်ာင္းသားအေရး ေဆာင္ရြက္ခဲ႔တဲ႔ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္ခင္ေက်ာ္နဲ႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ (ဗဟိုလုပ္ငန္းေကာ္မတီ၀င္ေဟာင္း) ကိုသန္းထိုက္တို႔ကို တရားစီရင္ေရးကို ေႏွာက္ယွက္ခဲ႔တယ္ဆိုၿပီး မင္းလွၿမိဳ႕နယ္ တရား႐ုံးက အျမင္႔ဆံုးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ေျခာက္လ က်ခံေစဖို႔ အခုႏွစ္ စက္တင္ဘာလ ၂၈ ရက္ေန႔က အမိန္႔ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒါေၾကာင္႔ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္ခင္ေက်ာ္နဲ႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ (ဗဟိုလုပ္ငန္းေကာ္မတီ၀င္ေဟာင္း) ကိုသန္းထိုက္တို႔ ခၽြင္းခ်က္မရွိ လႊတ္ေပးဖို႔အတြက္ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူေတြနဲ႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ေအာက္တိုဘာလ (၁၂) ရက္ေန႔က ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

Sound Bite—— ကိုမင္းေသြးသစ္ (ျပင္ပဆက္ဆံေရးတာ၀န္ခံ)
ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ

အခုလို လူ႔အခြင္႔အေရး တက္ၾကြလႈပ္ရွားသူေတြကို ေထာင္ဒဏ္ခ်မွတ္တာေတြဟာ ဒီမိုကေရစီ စံခ်ိန္စံညႊန္းေတြနဲ႔ ၾကည့္မယ္ဆိုရင္ ဒီမိုကေရစီလမ္းေၾကာင္းဟာ ေနာက္ေၾကာင္းျပန္လွည့္ေနတဲ႔ အေျခအေနေတြကုိ ရင္ဆိုင္ေနရသလို ခံစားရတယ္လို႔ အနာဂတ္အလင္းတန္းဆံုမွတ္က ဒါ႐ုိက္တာ ေဒၚသက္သက္ေအာင္က ေျပာပါတယ္။
Sound Bite—— ေဒၚသက္သက္ေအာင္(ဒါ႐ုိက္တာ)
အနာဂတ္အလင္းတန္းဆံုမွတ္

ဒါ႔အျပင္ တရားဥပေဒအရ ကာကြယ္ေပးေနတဲ႔ လူ႔အခြင္႔အေရးေရွ႕ေနတစ္ဦးနဲ႔ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးကို မတရားအမႈဆင္ ေထာင္ခ်ခဲ႔ျခင္းျဖစ္တာေၾကာင့္ တက္ၾကြလႈပ္ရွားသူေတြနဲ႔ အရပ္ဘက္အဖြဲ႔အစည္းေတြကို သြယ္၀ိုက္ၿခိမ္းေျခာက္လိုက္ျခင္းလည္း ျဖစ္တာေၾကာင္႔ ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရး မ႑ိုဳင္ဟာ စိုးရိမ္ဖြယ္ တိမ္းေစာင္းေနတာကို ေတြ႕ျမင္ရတယ္လို႔ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရှေ့နေဒေါ်ခင်ခင်ကျော်နဲ့ ကိုသန်းထိုက်တို့ကို ချွင်းချက်မရှိ လွှတ်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေ တောင်းဆို

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့ လွှတ်ပေးရေး အရပ်ဘက်အဖွဲ့အစည်းတွေ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် လက်ပံတန်း သပိတ်မှာ ကျောင်းသားအရေး ဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့ကို တရားစီရင်ရေးကို နှောက်ယှက်ခဲ့တယ်ဆိုပြီး မင်းလှမြို့နယ် တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ခြောက်လ ကျခံစေဖို့ အခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့ ချွင်းချက်မရှိ လွှတ်ပေးဖို့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အောက်တိုဘာလ (၁၂) ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

Sound Bite—— ကိုမင်းသွေးသစ် (ပြင်ပဆက်ဆံရေးတာဝန်ခံ)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

အခုလို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်တာတွေဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကြည့်မယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းဟာ နောက်ကြောင်းပြန်လှည့်နေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရသလို ခံစားရတယ်လို့ အနာဂတ်အလင်းတန်းဆုံမှတ်က ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောပါတယ်။
Sound Bite—— ဒေါ်သက်သက်အောင်(ဒါရိုက်တာ)
အနာဂတ်အလင်းတန်းဆုံမှတ်

ဒါ့အပြင် တရားဥပဒေအရ ကာကွယ်ပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေတစ်ဦးနဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးကို မတရားအမှုဆင် ထောင်ချခဲ့ခြင်းဖြစ်တာကြောင့် တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို သွယ်ဝိုက်ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ စိုးရိမ်ဖွယ် တိမ်းစောင်းနေတာကို တွေ့မြင်ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)