ရန္ကုန္ၿမိဳ႕မွာ ႏိုင္ငံေတာ္အဆင့္ ပန္းသဘင္ပြဲေတာ္ သံုးရက္ၾကာ ျပဳလုပ္မယ္

0
903

ျမန္မာႏိုင္ငံနဲ႔ နယ္သာလန္ႏိုင္ငံတို႔ရဲ႕ သံတမန္အဆက္အသြယ္ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ႏိုင္ငံေတာ္ပထမအဆင့္ ပန္းသဘင္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္မွာ ေအာက္တိုဘာ ၂၃ ရက္ကေန ၂၅ ရက္ထိ သံုးရက္ၾကာ ႀကီးက်ယ္ခမ္းနားစြာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ဒီပြဲကို နယ္သာလန္မွာက်င္းပတဲ့ ပံုစံအတိုင္း က်င္းပသြားမွာျဖစ္ၿပီး အဓိကရည္ရြယ္ခ်က္ကေတာ့ ျမန္မာႏုိင္ငံရဲ႕ ပန္းစိုက္ေတာင္သူေတြကို ပန္းစိုက္တဲ့ နည္းပညာနဲ႔ ပတ္သက္ၿပီးေတာ့ အဆင့္ျမႇင့္တင္ေပးျခင္းအားျဖင့္ သူတို႔ရဲ႕ စီးပြားေရး၊ လူမႈေရးေတြ ပိုမိုေကာင္းမြန္လာႏိုင္ဖို႔ ရည္ရြယ္ၿပီးလုပ္ေဆာင္တာ ျဖစ္ပါတယ္။

ျပည္သူ႔ရင္ျပင္မွာ က်င္းပမယ့္ ဒီပြဲေတာ္မွာ ပန္းေတြနဲ႔ အလွဆင္ထားတဲ့ ျမန္မာ့႐ိုးရာ အ႐ုပ္ေတြ၊ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈကို ေဖာ္က်ဴးထားတဲ့ ျမန္မာ့႐ိုးရာ ႐ုပ္ေသးအႏုပညာ တင္ဆက္ျခင္းေတြ၊ ဆီမီးခြက္ အကေတြ အပါအ၀င္ ျမန္မာ့ယဥ္ေက်းမႈနဲ႔ ပတ္သက္တဲ့ အႏုပညာေဖ်ာ္ေျဖမႈေတြ နဲ႔ ဂႏၳ၀င္ေတးဂီတေတြကို ၾကည့္႐ႈခံစားႏိုင္မွာျဖစ္ၿပီး ဒီပန္းသဘင္ပြဲေတာ္ကို မည္သူမဆို မခမဲ့ လာေရာက္ၾကည့္ ႐ႈႏိုင္မွာလည္းျဖစ္ပါတယ္။

ဒီပန္းသဘင္ပြဲေတာ္ကို ျမန္မာႏိုင္ငံက ပညာရွင္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဖန္တီးတင္ဆက္သြားမွာျဖစ္ၿပီး ပန္းေတြကို အလွဆင္ျပသထား႐ံုသာမက ပန္းအလွဆင္မႈပညာေတြကို ျပသတာ၊ နည္းပညာေ၀ငွ တာေတြကိုလည္း ျပဳလုပ္သြားမွာျဖစ္တယ္လို႔ နယ္သာလန္ သံအမတ္ႀကီး မစၥတာေ၀ါက္တာ ရာဂန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြို့မှာ နိုင်ငံတော်အဆင့် ပန်းသဘင်ပွဲတော် သုံးရက်ကြာ ပြုလုပ်မယ်

မြန်မာနိုင်ငံနဲ့ နယ်သာလန်နိုင်ငံတို့ရဲ့ သံတမန်အဆက်အသွယ် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ပထမအဆင့် ပန်းသဘင်ပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အောက်တိုဘာ ၂၃ ရက်ကနေ ၂၅ ရက်ထိ သုံးရက်ကြာ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲကို နယ်သာလန်မှာကျင်းပတဲ့ ပုံစံအတိုင်း ကျင်းပသွားမှာဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ပန်းစိုက်တောင်သူတွေကို ပန်းစိုက်တဲ့ နည်းပညာနဲ့ ပတ်သက်ပြီးတော့ အဆင့်မြှင့်တင်ပေးခြင်းအားဖြင့် သူတို့ရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပိုမိုကောင်းမွန်လာနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ဆောင်တာ ဖြစ်ပါတယ်။

ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် ဒီပွဲတော်မှာ ပန်းတွေနဲ့ အလှဆင်ထားတဲ့ မြန်မာ့ရိုးရာ အရုပ်တွေ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖော်ကျူးထားတဲ့ မြန်မာ့ရိုးရာ ရုပ်သေးအနုပညာ တင်ဆက်ခြင်းတွေ၊ ဆီမီးခွက် အကတွေ အပါအဝင် မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အနုပညာဖျော်ဖြေမှုတွေ နဲ့ ဂန္ထဝင်တေးဂီတတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး ဒီပန်းသဘင်ပွဲတော်ကို မည်သူမဆို မခမဲ့ လာရောက်ကြည့် ရှုနိုင်မှာလည်းဖြစ်ပါတယ်။

ဒီပန်းသဘင်ပွဲတော်ကို မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဖန်တီးတင်ဆက်သွားမှာဖြစ်ပြီး ပန်းတွေကို အလှဆင်ပြသထားရုံသာမက ပန်းအလှဆင်မှုပညာတွေကို ပြသတာ၊ နည်းပညာဝေငှ တာတွေကိုလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ နယ်သာလန် သံအမတ်ကြီး မစ္စတာဝေါက်တာ ရာဂန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)