မြတ္စလင္ ဒုကၡသည္နဲ႔အတူ မူးယစ္ေဆးနဲ႔ လက္နက္ေတြ ပါလာတယ္လို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီး ေျပာ

0
738

သိန္းနဲ႔ခ်ီတဲ့ မြတ္စလင္ ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ဘက္ ေရာက္လာတာမွာ သူတို႔နဲ႔အတူ ယာဘ စိတ္ၾကြေဆးနဲ႔ လက္နက္ပါ ဘဂၤလားေဒ့ရွ္ထဲ ေရာက္လာတယ္လို႔ ကုန္းလမ္းပို႔ေဆာင္ေရးနဲ႔ တံတားမ်ားဆိုင္ရာ ဝန္ႀကီး အိုဘိုင္ဒူလ္ ကြာဒါက ေျပာပါတယ္။

လက္ရွိ အာဏာရပါတီရဲ႕ အေထြေထြ အတြင္းေရးမႉးလည္း ျဖစ္သူ ဝန္ႀကီး ကြာဒါက မေန႔က ေအာက္တိုဘာ ၁၂ ရက္ေန႔ ေကာက္ဘဇားရွိ ကူတူပါေလာင္ ဒုကၡသည္စခန္းကို ေရာက္ရွိလာစဥ္ သတင္းေထာက္ေတြကို အခုလို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ျမန္မာျပည္က လာတဲ့ ဒုကၡသည္ေတြနဲ႔အတူ ယာဘေတြ၊ လက္နက္ေတြ ဘဂၤလားေဒ့ရွ္ဘက္ ေရာက္လာတယ္၊ သူတို႔ကို ျမန္မာျပည္ဘက္ ျပန္ပို႔ဖို႔ ကုလသမဂၢကို အကူအညီေတာင္းထားပါတယ္၊ ဘဂၤလားေဒ့ရွ္ ေျမေပၚေရာက္တဲ့ ဒုကၡသည္ေတြကို ကြ်န္ေတာ္တို႔ ကူညီပါတယ္လို႔ ဝန္ႀကီး ကြာဒါက ေျပာပါတယ္။
……………………… ။ ။ ………………………….
မွတ်စလင် ဒုက္ခသည်နဲ့အတူ မူယစ်ဆေးနဲ့ လက်နက်တွေ ပါလာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ပြော

သိန်းနဲ့ချီတဲ့ မွတ်စလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတာမှာ သူတို့နဲ့အတူ ယာဘ စိတ်ကြွဆေးနဲ့ လက်နက်ပါ ဘင်္ဂလားဒေ့ရှ်ထဲ ရောက်လာတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ တံတားများဆိုင်ရာ ဝန်ကြီး အိုဘိုင်ဒူလ် ကွာဒါက ပြောပါတယ်။

လက်ရှိ အာဏာရပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဝန်ကြီး ကွာဒါက မနေ့က အောက်တိုဘာ ၁၂ ရက်နေ့ ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းကို ရောက်ရှိလာစဉ် သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်က လာတဲ့ ဒုက္ခသည်တွေနဲ့အတူ ယာဘတွေ၊ လက်နက်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတယ်၊ သူတို့ကို မြန်မာပြည်ဘက် ပြန်ပို့ဖို့ ကုလသမဂ္ဂကို အကူအညီတောင်းထားပါတယ်၊ ဘင်္ဂလားဒေ့ရှ် မြေပေါ်ရောက်တဲ့ ဒုက္ခသည်တွေကို ကျွန်တော်တို့ ကူညီပါတယ်လို့ ဝန်ကြီး ကွာဒါက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)