
0
422




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခု ထူထောင်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ်

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ယန္တရား တစ်ရပ် ဖော်ဆောင်လိုက်ပါတယ်။

“ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း” (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ကို ထူထောင်လိုက်ကြောင်း မနေ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ တင်ပြချက် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)