ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ကြံ့ခိုင်ရေးပါတီထောက်ခံခဲ့တယ်

0
375

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တောင်သူလယ်သမာဖွံ့ဖြိုးတိုးတက်ရေးပါတီ နှစ်ပါတီက ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းဖို့ ကော်မရှင်ရဲ့ အစီအစဉ်ကို ထောက်ခံခဲ့ကြပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီဝင် နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံပြီး သဘောထားရယူတဲ့နေရာမှာ အဲ့ဒီ ၂ ပါတီက ထောက်ခံခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးဒီမိုကရေစီအင်အားစု NDF ပါတီက တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောပါတယ်။

1798555_616147868510915_6464632061792613116_n

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းမယ့် ကန့်ကွက်ခဲ့တယ်လို့လည်း သူဆိုပါတယ်။

ကော်မရှင်ဥက္ကဌအနေနဲ့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ ရက် နိုဝင်ဘာလ ၈ ရက်နေ့အစား တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရယ်တွေကြောင့် နောက်ကို ရွှေ့ဆိုင်းဖို့ အဆိုပြုခဲ့တာပါ။

ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌတော့ အဆုံးအဖြတ်ကို မကြာခင်မှာ ကြေညာပေးသွားမယ်လို့ အဲ့ဒီအစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)