ဓာတ်ပုံရိုက်တိုင်ကြားခံရတဲ့ မော်တော်ယာဉ် ၁၂၅၀ ကျော်ကို အရေးယူခဲ့

0
270

စည်းကမ်းရှိပြည်သူတွေရဲ့ အွန်လိုင်းမှ မှတ်တမ်းဓာတ်ပုံနဲ့ ပေးပို့တိုင်တန်းခဲ့တဲ့ စည်းကမ်းမဲ့ယဉ် ၁၂၅၉ စီးကို အရေးယူနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

စည်းကမ်းမဲ့ မော်တော်ယာဉ်တွေကို အရေးယူပေးပါရန် အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး Online Complaint Center (OCC) ကို ပြည်သူတွေက မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ တင်ပြတိုင်ကြားခဲ့ကြတာတွေကို အရေးယူ ဆောင်ရွက်ခဲ့တာပါ။

11855700_715174055278531_3292294809441132193_n

ဒီလိုအရေးယူဆောင်ရွက်မှုထဲမှာတော့ ကိုယ်ပိုင်ယာဉ် ၆၃၀ စီ၊ တက္ကစီယာဉ် ၃၀၇ စီး၊ အငှားကုန်တင်ယာဉ် ၁၅၃ စီးကို အရေးယူထားပြီး ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လိုင်းတွေသိစေဖို့ ဆင့်ခေါ်စာတွေ ပေးဖို့ဆောင်ရွက်နေတယ်လို့ အမှတ် (၂) ယာဉ်ထိန်းရဲ့ တပ်ဖွဲ့မှူးရုံးက ကြေညာထားတာပါ။

ဒါအပြင် တိုင်ကြားခံရတဲ့ မော်တော်ယာဉ်တွေအနေနဲ့ တည်ဆဲဥပဒေအရ တရားရုံးကို တရားစွဲဆို တင်ပို့လျက်ရှိနေပြီး တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်တွေကို ကျခံကြရမှာဖြစ်ပါတယ်။

ဒီတိုင်ကြားမှုတွေကို စိစစ်ပြီး နေ့စဉ်ထုတ်၊ အပတ်စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ်တွေမှာ ယာဉ်အမှတ်၊ ယာဉ်အမျိုးအစား၊ ကျူးလွန်ပုံတွေကို ဖော်ပြမသိပေးသွားဖို့ရှိနေတာပါ။

ဒါကြောင့် စည်းကမ်းချိုးဖောက်တဲ့ မော်တော်ယာဉ်တွေကို အရေးယူနိုင်ဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပြည်သူတွေကိုယ်တိုင်က စောင့်ကြည့်တိုင်ကြားဖို့ကိုလည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)