နိုင်ငံတကာ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရဲ့ ပညာရေးပြပွဲကျင်းပမယ်

0
333

နိုင်ငံတကာ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရဲ့ ကျောင်းဝင်ခွင့်တွေအပါအ၀င် ပညာသင်ဆုတွေပါ လျှောက်ထားနိုင်မယ့် Crown Global Education 2015 ကျင်းပဖို့ရှိနေပါတယ်။

ဒီပညာရေးပြပွဲကို ရန်ကုန်မြို့ရှိ Summit Parkview Hotel Ball Room မှာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ရှိနေတာပါ။

ဓါတ်ပုံ - NUS
ဓါတ်ပုံ – NUS

Crown Global Education 2015 မှာတော့ အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်၊ ကော်လိပ်တွေနဲ့ နိုင်ငံတကာပညာရေး အဖွဲ့အစည်းတွေ ပါဝင်ပြသဖို့ ရှိနေပါတယ်။

ဒါအပြင် ပညာရေးပြပွဲတွေနဲ့ ဟောပြောပွဲတွေကို ရန်ကုန်မြို့မှာသာမက မန္တလေးမြို့မှာလည်း ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆက်လက်ကျင်းပပေးသွားဖို့ရှိနေတယ်လို့ Crown Global Education 2015 စီစဉ်ကျင်းပတဲ့ Crown Education က ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)