သ႐ုပ္ေဆာင္ ေအာင္ရဲေထြး အမႈဆံုးျဖတ္မႈ တာဝန္ရွိသူ ၆ ဦးကို အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္

0
425

ဟာသ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး အသတ္ခံရမႈမွာ တရားခံရဲ႕ မိဘေတြဆီက လာဘ္ေငြနဲ႔ တံစိုးလက္ေဆာင္ယူၿပီး အမႈက လြတ္ေျမာက္ေအာင္ လုပ္ေပးမႈနဲ႔ တိုင္းဥပေဒခ်ဳပ္၊ ဥပေဒအရာရွိ ႏွစ္ဦး၊ ဒုတိယ ခ႐ိုင္ ဥပေဒအရာရွိ၊ ဒုတိယ ခ႐ိုင္တရားသူႀကီးနဲ႔ ရဲအုပ္တစ္ဦးတို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က အမႈဖြင့္ အေရးယူလိုက္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူး၊ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒအရာရွိ ဦးသိန္းေဇာ္၊ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ဥပေဒအရာရွိ ဦးကိုကိုေလး၊ ဒုတိယ ခ႐ိုင္ဥပေဒအရာရွိ ေဒၚသစ္သစ္ခင္၊ ဒုတိယ ခ႐ိုင္တရားသူႀကီး ဦးေအာင္ၾကည္နဲ႔ ေရႊေပါကၠံ နယ္ေျမစခန္းမွဴး ရဲအုပ္ ခ်စ္ကိုကို တို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ အမႈဖြင့္ အေရးယူလိုက္တာ ျဖစ္ပါတယ္။

သူတို႔ ၆ ဦးဟာ တရားခံသန္းထြဋ္ေအာင္၏ဖခင္ ဦးခင္ေမာင္ေလးထံကေန အဆင့္ဆင့္ လာဘ္ေငြနဲ႔ တံစိုးလက္ေဆာက္ယူခဲ့ၿပီး အမႈကိုလြတ္ေအာင္ ေပါ့ေလ်ာ့စြာ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္တယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြး အသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး သမၼတဦးဝင္းျမင့္က တိတိက််က် စိစစ္ၿပီး ဥပေဒနဲ႔အညီ မွန္မွန္ကန္ကန္ ေဆာင္ရြက္ဖို႔ လမ္းညႊန္မွာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သရုပ်ဆောင် အောင်ရဲထွေး အမှုဆုံးဖြတ်မှု တာဝန်ရှိသူ ၅ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ တရားခံရဲ့ မိဘတွေဆီက လာဘ်ငွေနဲ့ တံစိုးလက်ဆောင်ယူပြီး အမှုက လွတ်မြောက်အောင် လုပ်ပေးမှုနဲ့ တိုင်းဥပဒေချုပ်၊ ဥပဒေအရာရှိ နှစ်ဦး၊ ဒုတိယ ခရိုင် ဥပဒေအရာရှိ၊ ဒုတိယ ခရိုင်တရားသူကြီးနဲ့ ရဲအုပ်တစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရွှေပေါက္ကံ နယ်မြေစခန်းမှူး ရဲအုပ် ချစ်ကိုကို တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တာ ဖြစ်ပါတယ်။

သူတို့ ၆ ဦးဟာ တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံကနေ အဆင့်ဆင့် လာဘ်ငွေနဲ့ တံစိုးလက်ဆောက်ယူခဲ့ပြီး အမှုကိုလွတ်အောင် ပေါ့လျော့စွာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်က တိတိကျကျ စိစစ်ပြီး ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)