ျပည္ပနုိင္ငံေတြကုိ တရားဝင္သြားေရာက္ လုပ္ကိုင္ႏိုင္ဖို႔ လိုင္စင္ရေအဂ်င္စီေတြ ေသခ်ာေလ့လာဖို႔ လိုအပ္ (႐ုပ္/သံ)

0
317

ျမန္္မာေရႊ႕ေျပာင္းလုပ္သားေတြ ျပည္ပနုိင္ငံေတြကုိ သြားေရာက္အလုပ္လုပ္ကုိင္နုိင္ဖို႔ လုိင္စင္ရေအဂ်င္စီေတြ ေသခ်ာေလ့လာၿပီး တရား၀င္သြားေရာက္ အလုပ္လုပ္ကိုိင္နိုင္ဖို႔ လိုအပ္ေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ မင္းျပည့္ႏိုင္က ေပးပို႔ထားပါတယ္။

ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ ျပည္တြင္းက အလုပ္အကုိင္ရွာေဖြေရးကုမၸဏီေတြကတဆင့္ ျပင္ပ ႏုိင္ငံေတြကုိ တရား၀င္အလုပ္သြားေရာက္လုပ္ကုိင္ရာမွာ သက္ဆုိင္ရာ၀န္ႀကီးဌာနရဲ႕ တရား၀င္လုိင္စင္ ထုတ္ေပးထားတဲ့ေအဂ်င္စီေတြနဲ႔သာ သြားေရာက္လုပ္ကိုင္နုိင္ဖို႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ ၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က တုိက္တြန္းေျပာၾကားလိုက္ပါတယ္ ။

စက္တင္ဘာလ ၁၃ ရက္ေန႔က ရန္ကုန္ၿမဳိ႕ မူးယစ္ေဆး၀ါးပေပ်ာက္ေရးအထိမ္းအမွတ္ျပတုိက္မွာ ျပဳလုပ္ခဲ့တဲ့ ဆဌမ အႀကိမ္ေျမာက္ ျမန္မာႏုိင္ငံလူကုန္ကူးမႈ တုိက္ဖ်က္ေရးေန႔အခမ္းအနားမွာ အခုလုိေျပာၾကားခဲ့တာပါ။

Soundbite ဒုတိယ ရဲမွဴး မာမာသိန္း (အမွတ္(၆) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု )
ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ ၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔

ဒါ့အျပင္ လူကုန္ကူးခံရသူအမ်ားစုဟာ မိသားစုဘ၀ရပ္တည္ဖို႔ခက္ခဲေနတဲ့ အားနည္းခ်က္ကို အေၾကာင္းျပဳၿပီး နည္းလမ္း မ်ဴိးစုံနဲ႔စည္းရုံးကာ လူကုန္ကူးခံေနၾကရတာပါ။
အဲဒီအတြက္ လူကုန္ကူးမႈမခံရဖုိ႔နဲ႔ လူကုန္ကူးမႈ ပေပ်ာက္ေရး လုပ္ငန္းစဥ္ေတြမွာ သက္ဆုိင္ရာဌာန ကတာ၀န္ရွိသူေတြနဲ႔အတူ ျပည္သူေတြ ပူးေပါင္းပါ၀င္ဖုိ႔လုိအပ္ေနတယ္လုိ႔ ေျပာပါတယ္။

Soundbite ရဲမွဴး ခင္ေမာင္ေဆြ (တပ္ဖြဲ႔မွဴး)
ရန္ကုန္တုိင္းေဒသႀကီး လူကုန္ကူးမႈတားဆီးကာကြယ္ေရးရဲတပ္ဖြဲ႔

ျမန္မာနုိင္ငံမွာ လူကုန္ကူးမႈတုိက္ဖ်က္ေရးဥပေဒကုိ ၂၀၀၅ခုႏွစ္ စက္တင္ဘာ လမွာျပဌာန္းေပးခဲ့ တာပါ။အဲဒီေနာက္ပိုင္း ၂၀၀၉ခုႏွစ္မွာအာဆီယံေဒသတြင္းနုိင္ငံေတြနဲ႔ နားလည္မႈစာခ်ြန္လႊာေရးထုိးၿပီး လူကုန္ကူးမႈ တုိက္ဖ်က္ေရးစီမံခ်က္ေတြကုိအေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ လိုင်စင်ရအေဂျင်စီတွေ သေချာလေ့လာပြီး တရားဝင်သွားရောက် အလုပ်လုပ်ကိိုင်နိုင်ဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပါတယ်။

မြန်မာရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပြည်တွင်းက အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေကတဆင့် ပြင်ပ နိုင်ငံတွေကို တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ တရားဝင်လိုင်စင် ထုတ်ပေးထားတဲ့အေဂျင်စီတွေနဲ့သာ သွားရောက်လုပ်ကိုင်နိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ် ။

စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ ဆဌမ အကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာပါ။

Soundbite ဒုတိယ ရဲမှူး မာမာသိန်း (အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု )
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ဒါ့အပြင် လူကုန်ကူးခံရသူအများစုဟာ မိသားစုဘဝရပ်တည်ဖို့ခက်ခဲနေတဲ့ အားနည်းချက်ကို အကြောင်းပြုပြီး နည်းလမ်း မျိူးစုံနဲ့စည်းရုံးကာ လူကုန်ကူးခံနေကြရတာပါ။
အဲဒီအတွက် လူကုန်ကူးမှုမခံရဖို့နဲ့ လူကုန်ကူးမှု ပပျောက်ရေး လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်ရာဌာန ကတာဝန်ရှိသူတွေနဲ့အတူ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။

Soundbite ရဲမှူး ခင်မောင်ဆွေ (တပ်ဖွဲ့မှူး)
ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကို ၂၀ဝ၅ခုနှစ် စက်တင်ဘာ လမှာပြဌာန်းပေးခဲ့ တာပါ။အဲဒီနောက်ပိုင်း ၂၀ဝ၉ခုနှစ်မှာအာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နားလည်မှုစာချွန်လွှာရေးထိုးပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)