၂၀၁၉ ခုႏွစ္ ႏွစ္လည္ ၾကားျဖတ္ သန္းေခါင္စာရင္း ေကာက္ယူမယ္

0
250

ျမန္မာႏိုင္ငံ ဧရိယာရဲ႕ ၅ ရာခိုင္ႏႈန္းကို ၂၀၁၉ ခုႏွစ္ ႏွစ္လည္မွာ ၾကားျဖတ္သန္းေခါင္စာရင္း ေကာက္ယူ သြားမွာျဖစ္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ အတည္ျပဳခ်က္ ရရွိထားၿပီး ျဖစ္တယ္လို႔ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးသိန္းေဆြက စက္တင္ဘာလ ၈ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။

သန္းေခါင္စာရင္း ေကာက္ခံမႈေတြကုိ ႏိုင္ငံတကာနည္းတူ ေကာက္ခံနုိင္ဖုိ႔ လာမယ့္ ၂၀၁၉ ခုႏွစ္ ႏွစ္လည္မွာ ၾကားျဖတ္ သန္းေခါင္စာရင္း ေကာက္ခံသြားမွာ ျဖစ္တာေၾကာင့္ သက္ဆုိင္ရာ တာဝန္ရွိသူေတြနဲ႔ ညိွႏႈိင္း ေဆာင္ရြက္သြားမွာလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္ တစ္ႏိုင္ငံလံုး အတိုင္းအတာအရ သန္းေခါင္စာရင္း ေကာက္ယူခဲ့ၿပီး သန္းေခါင္စာရင္း အစီရင္ခံစာ အေသးစိတ္ အခ်က္အလက္ေတြကို အဆင့္ဆင့္ထုတ္ျပန္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၉ ခုနှစ် နှစ်လည် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူမယ်

မြန်မာနိုင်ငံ ဧရိယာရဲ့ ၅ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ် နှစ်လည်မှာ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူ သွားမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရရှိထားပြီး ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သန်းခေါင်စာရင်း ကောက်ခံမှုတွေကို နိုင်ငံတကာနည်းတူ ကောက်ခံနိုင်ဖို့ လာမယ့် ၂၀၁၉ ခုနှစ် နှစ်လည်မှာ ကြားဖြတ် သန်းခေါင်စာရင်း ကောက်ခံသွားမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး သန်းခေါင်စာရင်း အစီရင်ခံစာ အသေးစိတ် အချက်အလက်တွေ ကို အဆင့်ဆင့်ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)