ျမန္မာနဲ႔ပတ္သက္လို႔ ကမာၻက စိတ္ရွည္ၾကဖို႔ ကာဒီနယ္ခ်ားလ္ေမာင္ဘို တိုက္တြန္း

0
274

ျမန္မာ ကက္သလစ္ခ်ာ့ခ်္ ဦးေဆာင္ဘုန္းေတာ္ႀကီး ကာဒီနယ္ခ်ားလ္ေမာင္ဘိုက ျမန္မာႏိုင္ငံဟာ ႐ႈပ္ေထြးတဲ့ အေျခအေနတစ္ရပ္ကို ျဖတ္သန္းေနရေၾကာင္း၊ ဒီမိုကေရစီ အျပည့္အဝရရွိေရး အကူအေျပာင္းကာလမွာ အကူအညီေတြ လိုအပ္ေနလို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ စိတ္ရွည္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

သန္းေပါင္းမ်ားစြာေသာ ေမွ်ာ္လင့္ခ်က္ေတြရွိတဲ့ ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရနဲ႔ တပ္မေတာ္တို႔ လက္တြဲလုပ္ေဆာင္စရာေတြ အမ်ားႀကီး ရွိေနတယ္လို႔ ျမန္မာ ပထမဆံုး ကာဒီနယ္က ေျပာေၾကာင္း ဗာတီကန္ နယူးစ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ သူတို႔ျပႆနာေတြကို သူတို႔ ေျဖရွင္းေနတာကို ကူညီဖို႔နဲ႔ တကယ္လက္ရွိ အျဖစ္မွန္ကို အသိအမွတ္ျပဳၾကဖို႔ မိတ္ေဆြေတြကို အေလးအနက္ ေမတၱာရပ္ခံတယ္လို႔ ကာဒီနယ္ ခ်ားလ္ေမာင္ဘိုက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ပတ်သက်လို့ ကမ္ဘာက စိတ်ရှည်ကြဖို့ ကာဒီနယ်ချားလ်မောင်ဘို တိုက်တွန်း

မြန်မာ ကက်သလစ်ချာ့ချ် ဦးဆောင်ဘုန်းတော်ကြီး ကာဒီနယ်ချားလ်မောင်ဘိုက မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့ အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရကြောင်း၊ ဒီမိုကရေစီ အပြည့်အဝရရှိရေး အကူအပြောင်းကာလမှာ အကူအညီတွေ လိုအပ်နေလို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စိတ်ရှည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သန်းပေါင်းများစွာသော မျှော်လင့်ချက်တွေရှိတဲ့ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရနဲ့ တပ်မတော်တို့ လက်တွဲလုပ်ဆောင်စရာတွေ အများကြီး ရှိနေတယ်လို့ မြန်မာ ပထမဆုံး ကာဒီနယ်က ပြောကြောင်း ဗာတီကန် နယူးစ်သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သူတို့ပြဿနာတွေကို သူတို့ ဖြေရှင်းနေတာကို ကူညီဖို့နဲ့ တကယ်လက်ရှိ အဖြစ်မှန်ကို အသိအမှတ်ပြုကြဖို့ မိတ်ဆွေတွေကို အလေးအနက် မေတ္တာရပ်ခံတယ်လို့ ကာဒီနယ် ချားလ်မောင်ဘိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)