ရခိုင္ျပည္နယ္ထဲကို ကုလ စံုစမ္းေရးအဖြဲ႔ေတြ ျမန္မာအစိုးရ သြားခြင့္ျပဳ

0
198

ျမန္မာအစိုးရက ကုလသမဂၢ စံုစမ္းစစ္ေလ့လာေရးအဖြဲ႔ေတြကို ရခိုင္ျပည္နယ္ထဲရွိ ေက်းရြာေတြနဲ႔ ၿမိဳ႕နယ္ေတြဆီ သြားေရာက္ခြင့္ျပဳလုိက္ပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR)နဲ႔ ကုလသမဂၢဖြံ႔ၿဖိဳးမႈအစီအစဥ္ (UNDP)တို႔ရဲ႕ အဖြဲ႔ ၄ ဖြဲ႔ဟာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအတြင္း ဘဂၤါလီ မြတ္စလင္ေတြကို ညွဥ္းပမ္းႏွိပ္စက္မႈေတြ ရွိတယ္လို႔ စြပ္စြဲခဲ့တဲ့ ေဒသေတြမွာ သီတင္း ၂ ပတ္ၾကာ ေလ့လာမွာ ျဖစ္တယ္လို႔ CNN သတင္းဌာနက ေဖာ္ျပပါတယ္။

ျမန္မာအစိုးရက ကုလသမဂၢအဖြဲ႔ေတြကို ေက်းရြာ ၂၃ ရြာနဲ႔ တျခား ေက်းရြာအုပ္စု ၃ ခုေတြဆီ သြားခြင့္ျပဳလိုက္ပါတယ္၊ စံုစမ္းေလ့လာသူေတြဟာ စက္တင္ဘာ ၁၂ ရက္ေန႔မွာ ကနဦးလုပ္ငန္းေတြ စတင္ေနပါၿပီလို႔ ကုလသမဂၢ ေျပာခြင့္ရသူ မစၥတာ အြိဳင္ဖီ မက္ခ္ေဒါနယ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်ထဲကို ကုလ စုံစမ်းရေးအဖွဲ့တွေ မြန်မာအစိုးရ သွားခွင့်ပြု

မြန်မာအစိုးရက ကုလသမဂ္ဂ စုံစမ်းစစ်လေ့လာရေးအဖွဲ့တွေကို ရခိုင်ပြည်နယ်ထဲရှိ ကျေးရွာတွေနဲ့ မြို့နယ်တွေဆီ သွားရောက်ခွင့်ပြုလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ရဲ့ အဖွဲ့ ၄ ဖွဲ့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း ဘင်္ဂါလီ မွတ်စလင်တွေကို ညှဉ်းပမ်းနှိပ်စက်မှုတွေ ရှိတယ်လို့ စွပ်စွဲခဲ့တဲ့ ဒေသတွေမှာ သီတင်း ၂ ပတ်ကြာ လေ့လာမှာ ဖြစ်တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာအစိုးရက ကုလသမဂ္ဂအဖွဲ့တွေကို ကျေးရွာ ၂၃ ရွာနဲ့ တခြား ကျေးရွာအုပ်စု ၃ ခုတွေဆီ သွားခွင့်ပြုလိုက်ပါတယ်၊ စုံစမ်းလေ့လာသူတွေဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကနဦးလုပ်ငန်းတွေ စတင်နေပါပြီလို့ ကုလသမဂ္ဂ ပြောခွင့်ရသူ မစ္စတာ အွိုင်ဖီ မက်ခ်ဒေါနယ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)