ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ ပွဲတော် လုပ်မယ် (ရုပ်/သံ)
0
201
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ပြည်သူတွေရဲ့ ပညာရေး ၊ ကျန်းမာရေး ကဏ္ဍတွေမှာ ထောက်ပံ့မှုတွေပေးနိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေပွဲတော်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ ထားပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာရှိတဲ့ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ ထောက်ပံ့မှုတွေပေးနိုင်ဖို့ရည်ရွယ်ပြီး ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ ရန်ပုံငွေပွဲတော်ကို လာမယ့်အောက်တိုဘာလ ၅ရက်နေ့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆီဒိုးနား ဟိုတယ်တို့ ပူးပေါင်းပြီးကျင်းပသွားပြုလုပ်သွားမှာဖြစ်ပါတယ် ။
Soundbite ဒေါက်တာသန့်သော်ကောင်း(အလုပ်မှုဆောင်ကော်မတီဝင်)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း
အခုနှစ်ရန်ပုံငွေပွဲတော်မှာ ညစာစားပွဲလက်မှတ်တွေ ရောင်းချခြင်း ၊မိတ်ဖက်ကုမ္ပဏီတွေနဲ့ စပွန်ဆာ ကုမ္ပဏီတွေရဲ့ပစ္စည်းတွေရောင်းချတာတွေ ၊လေလံတင်ရောင်းချမှုတွေ ပါဝင်မှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် နာမည်ကျော်ပန်းချီဆရာမကိုယ်တိုင် ဖန်တီးထားတဲ့ ဖန်ထည်ပန်းအိုးတစ်ခုကိုလည်း လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ဖန်တီးသူကိုယ်တိုင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။
Soundbite ဒေါက်တာသန့်သော်ကောင်း(အလုပ်မှုဆောင်ကော်မတီဝင်)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို၂၀၁၂ခုနှစ်မှာ နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် က ကွယ်လွန် သူမိခင်ကြီးဒေါ်ခင်ကြည်ကိုရည်စူးပြီး စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။ ဖောင်ဒေးရှင်းမှာ အကျိူးအမြတ်မယူတဲ့ ပရိဟိတဖောင်ဒေးရှင်း အဖွဲ့အစည်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)