ဘူးသီးေတာင္စခန္းက တိုင္းရင္းသား ၁၄၀၀ ေက်ာ္ ေနရပ္ျပန္

0
285

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ ဒုကၡသည္စခန္းေတြမွာ ခိုလွံုေနထိုင္ေနၾက သူေတြထဲက ေဒသခံတုိင္းရင္းသား ျပည္သူစုစုေပါင္း ၁၄၀၀ ေက်ာ္ဟာ မူေနရပ္မ်ားကို ျပန္လည္ေျပာင္းေရႊ႕ ေနၾကျပီလို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ပါတယ္။

စက္တင္ဘာ ၁၂ ရက္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ ႀကိမ္ေခ်ာင္းကယ္ဆယ္ေရးစခန္း၊ ေတာင္ၿပဳိ၀ဲ ကယ္ဆယ္ေရးစခန္း၊ ငါးက်ည္ေတာက္ရြာကယ္ဆယ္ေရးစခန္း၊ အင္းဒင္ ေက်းရြာကယ္ဆယ္ေရးစခန္းနဲ႔ ၀ါးခုတ္ေခ်ာင္းတပ္နယ္ရွိ နယ္ေျမခံတပ္ရင္းတို႔မွာ ေခတၱေျပာင္းေရႊ႕ ေရာက္ရွိေနတဲ့ ေဒသခံ တုိင္းရင္းသား ျပည္သူစုစုေပါင္း ၁၄၇၂ ဦးတို႔ကို လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက အနီးကပ္လမ္းေၾကာင္းလံုၿခံဳေရးလိုက္ပါျပီး မူလေနရပ္မ်ားသို႔ ျပန္လည္ေျပာင္းေရႊ႕ရာမွာ ကူညီေဆာင္ရြက္ေပးခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ARSA အစြန္းေရာက္ အၾကမ္းဖက္သမားေတြဟာ ၾသဂုတ္ ၂၅ရက္မွာ ရခိုင္ေျမာက္ပိုင္းရွိ ကင္းစခန္း ၃၀ကို တျပိဳင္ထဲ ၀င္တိုက္ခိုက္ျပီး ေဒသတြင္းမွာ တိုက္ခိုက္မွုေတြ ဆက္လုပ္ခဲ့လို႔ ေဒသခံတိုင္းရင္းသားေတြ ေထာင္ေသာင္းခ်ီျပီး နီးစပ္ရာ လံုျခံဳတဲ့ေနရာေတြဆီ ထြက္ေျပးခဲ့ၾကရပါတယ္။
(USA)
…………………………….။ ။ …………………………….

ဘူးသီးတောင်စခန်းတွေရှိ တိုင်းရင်းသား ၁၄၀ဝ ကျော် နေရပ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြ သူတွေထဲက ဒေသခံတိုင်းရင်းသားပြည်သူစုစုပေါင်း ၁၄၀ဝကျော်ဟာ မူနေရပ်များကို ပြန်လည်ပြောင်းရွှေ့ နေကြပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၂ ရက်မှာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကြိမ်ချောင်းကယ်ဆယ်ရေးစခန်း၊ တောင်ပြိုဝဲ ကယ်ဆယ်ရေးစခန်း၊ ငါးကျည်တောက်ရွာကယ်ဆယ်ရေးစခန်း၊ အင်းဒင် ကျေးရွာကယ်ဆယ်ရေးစခန်းနဲ့ ဝါးခုတ်ချောင်းတပ်နယ်ရှိ နယ်မြေခံတပ်ရင်းတို့မှာ ခေတ္တပြောင်းရွှေ့ရောက်ရှိနေတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူစုစုပေါင်း ၁၄၇၂ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လမ်းကြောင်းလုံခြုံရေးလိုက်ပါပြီး မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ရာမှာ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ARSA အစွန်းရောက်အကြမ်းဖက်သမားတွေဟာ သြဂုတ် ၂၅ရက်မှာ ရခိုင်မြောက်ပိုင်းရှိ ကင်းစခန်း ၃၀ကို တပြိုင်ထဲ ဝင်တိုက်ခိုက်ပြီး ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့လို့ ဒေသခံတိုင်းရင်းသားတွေ ထောင်သောင်းချီပြီး နီးစပ်ရာ လုံခြုံတဲ့နေရာတွေဆီ ထွက်ပြေးခဲ့ကြရပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)