လူမႈဝန္ထမ္းဝန္ႀကီး ေခါင္းေဆာင္တဲ့ ရခိုင္ေကာ္မတီဖြဲ႔စည္း

0
307

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီး ေခါင္းေဆာင္တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရးေကာ္မတီ တရပ္ကို သမၼတအမိန္႔နဲ႔ ဖြဲ႔စည္းလိုက္ပါတယ္။

စက္တင္ဘာ ၁၂ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တဲ့ သမၼတအမိန္႔ေၾကာ္ျငာစာထဲမွာ ေကာ္မတီရဲ႕ လုပ္၀န္းတာဝန္ ၁၀ ခ်က္ကို တိတိက်က် ေဖာ္ျပထားၿပီး ဒီထဲမွာ ၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသား ဥပေဒအရ ႏိုင္ငံသားအျဖစ္ အသိအမွတ္ ျပဳသင့္သူမ်ားကို ႏိုင္ငံသားေပးေရးလုပ္ငန္းအား အရိွန္အဟုန္နဲ႔ အျမန္ဆံုး ေဆာင္ရြက္ေပးရမယ္ ဆိုတဲ့အခ်က္လည္း ပါပါတယ္။

ဒါ့အျပင္ တိုင္းရင္းသားေက်းရြာမ်ား ေရရွည္ရပ္တည္ႏိုင္ေရးနဲ႔ IDP စခန္းမ်ား ပိတ္သိမ္းေရး ႀကိဳးပမ္းလုပ္ေဆာင္ဖို႔၊ အၾကမ္းဖက္ တိုက္ခိုက္မႈ ပေပ်ာက္ေရးနဲ႔ မူးယစ္ေဆးဝါး ကင္းစင္ေရးနယ္ေျမ ျဖစ္လာေစရန္ ဦးစားေပး ေဆာင္ရြက္ဖို႔ စတဲ့ လုပ္ငန္းတာဝန္ေတြလည္း ပါရွိပါတယ္။

ဒီ ေကာ္မတီကို အႀကံေပးမယ့္ အႀကံေပးအဖြဲ႔ကို ျပည္တြင္းျပည္ပ ပညာရွင္မ်ား၊ ဘာသာရပ္ဆိုင္ရာ ကြ်မ္းက်င္သူမ်ား၊ အေတြ႔အႀကံဳရိွသူမ်ားနဲ႔ ဖြဲ႔စည္းသြားမယ္လို႔လည္း သမၼတအမိန္႔ေၾကာ္ျငာစာမွာ တပါတည္း ေဖာ္ျပပါတယ္။ စက္တင္ဘာ ၁၂ ရက္က ဖြဲ႔စည္းလိုက္တဲ့ ေကာ္မတီမွာ အဖြဲ႔ဝင္ ၁၅ ဦး ပါ၀င္ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ဒု၀န္ႀကီးေတြနဲ႔ အၿမဲတမ္းအတြင္းဝန္ အမ်ားစု ပါ၀င္ပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံ မက်င္းပမီ ရက္ပိုင္းအလိုမွာ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရးေကာ္မတီ ဆိုတာကို ဖြဲ႔စည္းခဲ့တာျဖစ္ၿပီး ကိုဖီအာနန္ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္တခ်ိဳ႕ကို အေကာင္အထည္ေဖာ္ဖို႔ စတင္လုပ္ေဆာင္လိုက္တာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ တရပ်ကို သမ္မတအမိန့်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။

စက်တင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ သမ္မတအမိန့်ကြော်ငြာစာထဲမှာ ကော်မတီရဲ့ လုပ်ဝန်းတာဝန် ၁၀ ချက်ကို တိတိကျကျ ဖော်ပြထားပြီး ဒီထဲမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ် ပြုသင့်သူများကို နိုင်ငံသားပေးရေးလုပ်ငန်းအား အရှိန်အဟုန်နဲ့ အမြန်ဆုံး ဆောင်ရွက်ပေးရမယ် ဆိုတဲ့အချက်လည်း ပါပါတယ်။

ဒါ့အပြင် တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေးနဲ့ IDP စခန်းများ ပိတ်သိမ်းရေး ကြိုးပမ်းလုပ်ဆောင်ဖို့၊ အကြမ်းဖက် တိုက်ခိုက်မှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေးနယ်မြေ ဖြစ်လာစေရန် ဦးစားပေး ဆောင်ရွက်ဖို့ စတဲ့ လုပ်ငန်းတာဝန်တွေလည်း ပါရှိပါတယ်။

ဒီ ကော်မတီကို အကြံပေးမယ့် အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနဲ့ ဖွဲ့စည်းသွားမယ်လို့လည်း သမ္မတအမိန့်ကြော်ငြာစာမှာ တပါတည်း ဖော်ပြပါတယ်။ စက်တင်ဘာ ၁၂ ရက်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ဒုဝန်ကြီးတွေနဲ့ အမြဲတမ်းအတွင်းဝန် အများစု ပါဝင်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ မကျင်းပမီ ရက်ပိုင်းအလိုမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဆိုတာကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တချို့ကို အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)