ပိုင်ရှင်မဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေ သိမ်းဆည်းရမိ

0
335

ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့အတွင်း ပိုင်ရှင်မဲ့ ထိန်းချုပ်ဓာတု ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ မိုင်းနောင်-မိုင်းနန်းသွား တောလမ်းမှာ မသင်္ကာဖွယ် ရပ်တန့်ထားတဲ့ ဒေါင်ဖန်း အမျိုးအစား ၆ ဘီးမော်တော်ယာဉ်ကို သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်ပေါ်မှာ ဖွဲအိတ်တွေနဲ့ ဖုံးအုပ်တင်ဆောင်ထားတဲ့ သံပေပါများအတွင်း ကတော်လူအင်း ၃၆၈၀ လီတာ၊ အက်စီတုန်း ၆၄၀ လီတာနဲ့ အီသိုင်းအက်စီတစ် ၁၆၀ လီတာ (စုစုပေါင်း ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၄၈ သိန်း) တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။

မိုငြးနောငနြယမြှေ ရဲစခနြးမှာ မူးယဈဆေးဝါးနဲ့ စိတကြို ပှောငြးလဲစတေဲ့ ဆေးဝါးမွားဆိုငရြာ ဥပဒနေဲ့ အမှုရေးဖှင့ပြှီး တရားခံဖမြးဆီးရမိရေး စုံစမြးစဈဆေးလကွရြှိကှောငြး သတငြးထုတပြှနထြားပါတယြ။

___________________

___________________


ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့အတွင်း ပိုင်ရှင်မဲ့ ထိန်းချုပ်ဓာတု ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ မိုင်းနောင်-မိုင်းနန်းသွား တောလမ်းမှာ မသင်္ကာဖွယ် ရပ်တန့်ထားတဲ့ ဒေါင်ဖန်း အမျိုးအစား ၆ ဘီးမော်တော်ယာဉ်ကို သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်ပေါ်မှာ ဖွဲအိတ်တွေနဲ့ ဖုံးအုပ်တင်ဆောင်ထားတဲ့ သံပေပါများအတွင်း ကတော်လူအင်း ၃၆၈၀ လီတာ၊ အက်စီတုန်း ၆၄၀ လီတာနဲ့ အီသိုင်းအက်စီတစ် ၁၆၀ လီတာ (စုစုပေါင်း ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၄၈ သိန်း) တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

မိုင်းနောင်နယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)