မြန်မာပုံပြင်စာအုပ် အမည်ရှိ မှတ်တမ်းရုပ်ရှုင် ပြသရန်ရှိ

0
333

 နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာကြီး မောင်အောင်ပွင့်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ မြန်မာပုံပြင်စာအုပ် (Burma Story Book) ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို အများပြည်သူကို ပြသသွားဖို့ ရှိနေပါတယ်။

အဲ့ဒီ မှတ်တမ်းရုပ်ရှင်ကို ဇွန်လ ၁၄ ရက်နေ့ ရန်ကုန်မြို့ ၀ဇီရာရုပ်ရှင်ရုံမှာ ပြုလုပ်မယ့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာထည့်သွင်းပြသသွားမှာဖြစ်ပါတယ်။

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ကျင်းပလာတာဟာ ပဉ္ဇမအကြိမ်မြောက်ရှိပြီ ဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ မှတ်တမ်းရုပ်ရှင်တွေ၊ Short Film တွေ အပါအ၀င် နယ်သာလန် နိုင်ငံသား ဒါရိုက်တာ Petr Lom နဲ့ Corinne Van Egeraat တို့ ဖန်တီးရိုက်ကူးထားတဲ့ Burma Story Book မှတ်တမ်းရုပ်ရှင်ကို အခမ်းအနားရဲ့ အဖွင့်ရုပ်ရှင်အဖြစ်နဲ့ ပြသသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)