ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်ရေးအတွက် မြေအားခံနိုင်ဝန် တိုင်းတာစမ်းသပ်

0
347

ဒလတံတားတည်ဆောက်ရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့အတွက် တံတားတည်ဆောက်မယ့်နေရမှာ မြေအားခံနိုင်ဝန် စမ်းသပ်တိုင်းတာရေးလုပ်ငန်းတွေပြုလုပ်နေပါတယ်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနေရာကနေ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီး ကို သွယ်တန်း တည်ဆောက်မယ့် ဒလတံတားစီမံကိန်းအတွက် မြေခံနိုင်ဝန်တိုင်းတာမှုကို UNTAC TECHNOLOGIES ကုမ္ပဏီ က တာဝန်ယူပြီးလုပ်ဆောင်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်မှာ ရေးသား ထားပါတယ်။

ဒလတံတား စီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ စတင်ရေးဆွဲခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း စဉ်တွေကို ၂၀၁၈ နှစ်ဦးပိုင်းမှာ စတင်လုပ်ကိုင်သွားမယ်လို့ ကြေညာထားပါတယ်။

ဒလ တံတားစီမံကိန်း ကို ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအဖြစ် ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံ ငွေ EDCF ချေးငွေနဲ့ မြန်မာအစိုးရ ထည့်ဝင်ငွေတို့ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁၃၈ သန်းနီးပါး ကုန်ကျခံ တည်ဆောက်သွားမှာဖြစ်ပါတယ်။

ဒလတံတား တည်ဆောက်ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အပြီးသတ်နိုင်အောင် ဆောက်လုပ်သွားဖို့ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)