ပုဏ္ဏားကျွန်း ယိုးတရုပ်ကျေးရွာ လေဆင်နှာမောင်း ၂ ဦးသေ

0
290

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာမှာ မနေ့က ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲမှာ အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်တဲ့အတွက် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရပါတယ်။

(ဓာတ်ပုံ – NYUNT WIN/EPA-Myanmar)

လေဆင်နှာမောင်းကြောင့် အသက် ၈၀ အရွယ်နဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးပြီး ဒဏ်ရာ ပြင်းထန်တဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးကို ယိုးတရုတ် တိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားပါတယ်။

လူနေအိမ် ၁၈ လုံး ပျက်စီးပြီး နေအိမ် ၁၆ လုံးကတော့ အမိုးအကာတွေ ပျက်စီးသွားပါတယ်။ လေဘေးသင့်သူတွေကို ယိုးတရုပ်ကျေးရွာ အရှေ့စုရပ် ဓမ္မာရုံမှာ ယာယီခိုလှုံခွင့် ပေးထားပြီး စားနပ်ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)