ကာတာရောက် မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံတယ်လို့ ကာတာ သံအမတ်ကြီးပြော

0
286

အိမ်နီးချင်း နိုင်ငံတွေနဲ့ သံတမန်အဆက်အသွယ်တွေ ဖြတ်တောက်တဲ့အထိ ဆက်ဆံရေး တင်းမာနေတဲ့ ကာတာနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံမှု ရှိတယ်လို့ ကာတာသံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

မနေ့က ဇွန်လ ၁၂ ရက်နေ့ နေပြည်တော် လွှတ်ရေးရာဆောင်မှာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကာတာ သံအမတ်ကြီး မစ္စတာ ဟတ်ဆန် ဘင် မိုဟာမက် ရာဖီ အယ်လ် အီမာဒီတို့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စားနပ်ရိက္ခာလည်း ဖူလုံပြီး ကာတာနိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မှန်ကန်စွာ ဖြေရှင်းမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

အကြမ်းဖက်ဝါဒကို အားပေးမှုကြောင့် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံကို ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတို့က သံတမန် အဆက်အသွယ် ဖြတ်တောက်တာ၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းတာ၊ ဆိပ်ကမ်းတွေ ပိတ်ပင်တာ၊ ကာတာနိုင်ငံသားတွေကို အဲ ၄ နိုင်ငံကနေ နှင်ထုတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)