မြန်မာနိုင်ငံဆိုင်ရာ ကုလ ထိပ်တန်း အကြီးအကဲ အပြောင်းအလဲ ရှိ

0
266

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ မစ္စ ရေနာတာ လော့ခ် ဒက်စလီယန် (Renata Lok-Dessallien) ဟာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ အောင်မြင်အောင် မဆောင်ရွက်နိုင်တဲ့အတွက် သူ့နေရာမှာ တခြားတစ်ယောက် အစားဝင်မယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ သံတမန်နဲ့ အကူအညီပေးရေး အဖွဲ့တွေရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကုလသမဂ္ဂ ဌာနေ/ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး (UN RC/HC) နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် မစ္စ ရေနာတာ လော့ခ် ဒက်စလီယန်ဟာ အထူးသဖြင့် ရခိုင်ပြည်နယ် မွတ်စလင်အရေးမှာ အောင်မြင်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဖြစ်တယ်လို့ BBC သတင်းဌာနက ဖော်ပြပါတယ်။

BBC က ကြည့်ရှုခွင့်ရတဲ့ အတွင်းရေး စာရွက်စာတမ်းတွေအရ သူမ ကိုင်တွယ်တဲ့ အဖွဲ့တွေကြားမှာ လုပ်ငန်းဆောင်တာတွေ မလည်ပတ်နိုင်ဖြစ်နေပြီး အဖွဲ့တွင်း တင်းမာမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံသူ မစ္စ ရေနာတာ လော့ခ် ဒက်စလီယန်နေရာမှာ လူစားထိုးမယ်ဆိုတာ မှန်ကုန်တယ်လို့ ကုလ ပြောခွင့်ရသူတစ်ဦးကလည်း အတည်ပြုပါတယ်။

မစ္စ ရေနာတာ လော့ခ် ဒက်စလီယန်ကို ရာထူးတိုးလိုက်တာလို့ ပြောကြပေမယ့် သက်တမ်း ၅ နှစ် ထမ်းဆောင်ရမယ့် သူမရဲ့ ရာထူးမှာ သက်တမ်း ၃ နှစ်ခွဲနဲ့ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)