အခိုးခံရတဲ့ ဆင်စွယ်ကြီး ထိုင်းကို ပြန်ရောက်၊ ခိုးယူသွားသူ မြန်မာပြည်မှာ ရှောင်တိမ်းနေဆဲ

0
278

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ လက်တွန်ကူး ကရင်ရွာကနေ အခိုးခံရတဲ့ အထွဋ်အမြတ်ထားကြတဲ့ ရာစုနှစ် သက်တမ်းရှိ ဆင်စွယ်ကြီး တစ်စုံဟာ DKBA အကူအညီနဲ့ ထိုင်းကို ပြန်ရောက်သွားပါပြီ။ ဆင်စွယ်ကြီးတွေကို ခိုးယူသွားတဲ့ ရွာလူကြီးဟောင်းကတော့ မြန်မာပြည်ထဲမှာ ရှောင်တမ်းနေပါတယ်။

ဆင်စွယ်ကြီး တစ်စုံ ပြန်လည် ရရှိရေးအတွက် အမ်ဖန်ဒိစတြိတ် အကြီးအကဲ ပရာထစ် ပိုတီယမ် ဦးဆောင်တဲ့ ၁၀ ဦးပါ အဖွဲ့ဟာ နယ်မြေကို ထိန်းချုပ်ထားတဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) နဲ့ ညှိနှိုင်းခဲ့ပါတယ်။ DKBA က ဆင်စွယ်ရှိတဲ့နေရာကို သိရှိအောင် ကူညီခဲ့ပြီး ခိုးယူသွားတဲ့ ထိုင်းရွာသူကြီး ဘိုင်ဆု ခီရီဒူဂျင်ဒါကိုတော့ ဖမ်းမပေးနိုင်ကြောင်း ပြောခဲ့တဲ့အတွက် အဲဒီအတိုင်း သဘောတူပြီး ပြန်သယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ရွာလူကြီးဟောင်း ဘိုင်ဆုနဲ့ နီးစပ်သူတွေကတော့ ဘိုင်ဆုဟာ ဆင်စွယ်ကြီးကို အကြောင်းပြုပြီး တပည့်တပန်းတွေကို ဆွဲဆောင်ဖို့ ဖြစ်တယ်၊ ခိုးယူတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒီဆင်စွယ်ကြီး တစ်စုံဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်တုန်းက မူလာရစ်တောင်မှာ မွေးခဲ့တဲ့ ကွမ်ဖုဆိုတဲ့ ဆင်ထီးတစ်ကောင်ရဲ့ အစွယ်တွေ ဖြစ်ပြီး လက်တွန်ကူးရွာကို ကရင် ဆင်ဦးစီးတစ်ဦးက သယ်ယူလာခဲ့တာလို့ ဆိုကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)