ရခိုင်အရေး ကုလရဲ့ အဖွဲ့ဟာ တိုင်းရင်းသားတွေကြား တင်းမာမှု ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
230

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် မြန်မာအစိုးရတပ်ဖွဲ့တွေက ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက ဖွဲ့စည်းပေးလိုက်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ တိုင်းရင်းသား အဖွဲ့တွေကြား တင်းမာမှုတွေ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွီဒင် ၀န်ကြီးချုပ် စတီဖန် လောဖ့်ဗန်တို့ တွေဆုံဆွေးနွေးပြီးနောက် မနေ့က ဇွန်လ ၁၂ ရက်နေ့မှာ သတင်းထောက်တွေကို အဲဒီလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမူဟာ မတူညီတဲ့ အဖွဲ့အစည်းတွေအကြား ရန်လိုမှုတွေဖြစ်အောင် ဖန်တီးသလို ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ မတူညီတွေ အဖွဲ့အစည်းတွေ အကြား ဖြစ်နေတဲ့ စိုးရိမ်ကြောက်ရွံမှုတွေ ဖယ်ရှားနိုင်ရေး အပြင် အဖွဲ့တွေအကြား ညီညွတ်မှုရဖို့နဲ့ အပြန်လှန် နားလည်မှုတွေ ရရှိဖို့ ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြု တိုက်တွန်းချက်တွေကိုသာ လက်ခံသွားမယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနဲ့ ဆွီဒင်နိုင်ငံဆီကို ၅ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်လျက် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)