ရောင်းမှားဝယ်မှား ဖြစ်တာဆိုရင် ကျူးကျော်တွေအနေနဲ့ ရောင်းသူကို တရားစွဲနိုင်

0
261

ကျူးကျော်သူတွေ အနေနဲ့ ရောင်းမှားဝယ်မှား ဖြစ်ကြတယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းမှာ ဥပဒေအတိုင်း အမှုဖွင့် ဆောင်ရွက်နိုင်တယ်လို့ ကျူးကျော်တဲတွေ ရှင်းလင်းမှုနဲ့ ပတ်သက်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

(ဓာတ်ပုံ – LYNN BO BO/EPA-Myanmar)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃ မိုင်ကနေ ၅ မိုင် ၂ ဖာလုံကြား ကျူးကျော်တဲတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ အစီအစဉ်နဲ့ မနေ့က ဇွန်လ ၁၂ ရက်နေ့က ပထမနေ့အဖြစ် ရှင်းလင်းနေတာနဲ့ ပတ်သက်ပြီး ဦးယုခိုင်က ကြေးမုံသတင်းစာကို ပြောဆိုတာ ဖြစ်ပါတယ်။

အဲဒီ ကျူးကျော် နေရာတွေကို ၂၀၁၅ ခုနှစ်ကလည်း တစ်ကြိမ် ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ မြေကွက်တွေဟာ အကွက်ရိုက် ရောင်းသူက အာမခံတယ်ဆိုလို့ ကျပ်သောင်းဂဏန်းကနေ ၁၅ သိန်းအထိ ပေးဝယ်ထားကြတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိတာကြောင့် နားမလည်လို့ ဝယ်ယူထားသူတွေဟာ မြေရောင်းချသူတွေကို တရားစွဲနိုင်တယ်လို့ မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးကလည် ပြောပါတယ်။

မြေဝယ်ယူပြီး ကျူးကျော်တဲ ဆောက်ထားသူတွေဟာ ရန်ကုန်မြို့ကဆိုရင် လာရောက်နေထိုင်ပြီး နယ်ဝေးကဆိုရင် လူငှားနဲ့ နေခိုင်းတာ ရှိနေပါတယ်။

နွမ်းပါးတဲ့သူတွေကို လိမ်လည်သွားတဲ့အတွက် စိတ်မကောင်းကြောင်းနဲ့ ဒီမြေနေရာတွေဟာ ဒီလိုဈေးမျိုးနဲ့ မရနိုင်မှန်း သိလျက်နဲ့ ဝယ်ကြတဲ့အတွက် ငွေဆုံးရှုံးကြတာ ဖြစ်တယ်လို့ ကြေးမုံသတင်းစာကို ပြောဆိုထားပါတယ်။

အဲဒီ ကျူးကျော်မြေနေရာတွေဟာ နိုင်ငံတော် စီမံကိန်း လုပ်ဆောင်မယ့် နေရာတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)