မြန်မာနဲ့ ဗီယက်နမ်ကနေ ဆန်မှောင်ခိုကူးတဲ့ တရုတ်ဂိုဏ်းစတား ၂၇ ဦးကို ဖမ်းဆီး

0
284

မြန်မာနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ကနေ ဆန် တန်ချိန် ၃ သိန်း မှောင်ခိုသွင်းတယ်လို့ သံသယရှိတဲ့ တရုတ်ဂိုဏ်းစတား ၂၇ ယောက်ကို ဖမ်းဆီးထားတယ်လို့ တရုတ် အကောက်ခွန်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ယူနန်၊ ဂွမ်ဒေါင်း၊ ဟူဘေးနဲ့ ရှန်ဇီ ခရိုင်တွေနဲ့ ချုံကင်း မြူနီစပယ်အတွင်းရှိ ဒေသတွေကို အကောက်ခွန် စီမံခန့်ခွဲရေးဌာနက ရဲ အယောက် ၄၀၀ စေလွှတ်ပြီး ဖမ်းဆီးစေခဲ့တာ ဖြစ်ပါတယ်။

သံသယရှိသူ ၂၇ ဦးကို ဖမ်းဆီးပြီး ဆန်တန်ချိန် ၂ ထောင်ကို သိမ်းဆည်းရမိပါတယ်။ ဒီမှောင်ခို ဂိုဏ်းစတားတွေဟာ ယွမ် ၁ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၃ သိန်း မှောင်ခိုသွင်းမှုမှာ ပတ်သက်နေတယ်လို့ ယူဆထားပါတယ်။

ကနဦး စစ်ဆေးချက်တွေအရ ဒီမှောင်ခို ဂိုဏ်းစတားတွေက ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနဲ့ ဗီယက်နမ်ကနေ ဆန်တွေ ဝယ်ပြီး ယူနန်နဲ့ ဂွမ်ဇီ နယ်စပ်တွေကို ဖြတ်ကာ တရုတ်နိုင်ငံအတွင်း မှောင်ခို သွင်းခဲ့ကြတာ ဖြစ်တယ်လို့ အကောက်ခွန်က သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)