ငါးခိုးဖမ်းမှုနဲ့ မြန်မာနိုင်ငံသား ၄ ဦးကို မလေးရှား ဖမ်းဆီး

0
293

မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် ၈ ဦးနဲ့ ငါးဖမ်းလှေ ၄ စီးကို ငါးခိုးဖမ်းမှုနဲ့ မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (MMEA) က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၀ နဲ့ ၄၅ နှစ်ကြားရှိ ငါးဖမ်းလှေသူကြီး ၄ ဦးနဲ့ လုပ်သား ၄ ဦးကို ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ရေကြောင်း အမှတ် ၃ ဒိစတြိတ် ညွှန်ကြားရေးမှုး အဗ္ဗဒူလာက ပြောပါတယ်။

လှေသမားတွေကို ငါးဖမ်းလှေနဲ့အတူ ကမ်ပွန် အာချေး ဆိပ်ကမ်းကို အစောင့်အရှောက်တွေနဲ့ မနေ့က ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ခေါ်ယူလာကြောင်း၊ ပြီးတော့ ဒီငါးဖမ်းလှေမျိုးတွေမှာ နိုင်ငံခြားသား လုပ်သား ခန့်ထားခွင့် မရှိကြောင်း သူက ဆက်ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို ငါးဖမ်းလုပ်ငန်းဆိုင်ရာ အက်ဥပဒေနဲ့ စစ်ဆေး အရေးယူတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)