ကင်ဆာတိုက်ဖျက်ရေး C/Can 2025: City Cancer Challenge အစီအစဉ်မှာ ရန်ကုန်မြို့ ပါဝင်မယ်

0
262

ကမ္ဘာတဝန်း ကင်ဆာရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ The Union for International Cancer Control (UICC) အဖွဲ့ရဲ့ C/Can 2025: City Cancer Challenge အစီအစဉ်မှာ ရန်ကုန်မြို့ ပါဝင်ဆောင်ရွက်ဖို့ အရွေးခံရပါတယ်။

ရန်ကုန်မြို့တော်မှာ ကင်ဆာရောဂါ ကာကွယ်ရေး၊ စောစီးစွာ ရှာဖွေ ဖော်ထုတ် ကုသရေး လုပ်ငန်းတွေကို နိုင်ငံတကာ အဆင့်မီ စံနမူနာပြ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၊ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းက တာဝန်ရှိသူတွေနဲ့ မနေ့က ဇွန်လ ၁၂ ရက်နေ့မှာ  ဗဟန်းမြို့နယ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဧည့်ရိပ်သာမှာ ပြုလုပ်ပါတယ်။

UICC အဖွဲ့ရဲ့ C/Can 2025: City Cancer Challenge မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာ့မြို့ကြီးတွေထဲက ရွေးချယ်ရာမှာ ရန်ကုန်မြို့တော်၊ ပါရာဂွေးနိုင်ငံရှိ အော်ဆန်စီယွန်မြို့၊ ကမ္ဘောဒီးယားနိုင်ငံက ကာလီမြို့တို့ကို ရွေးချယ်ခဲ့တာလို့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)