မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် အီယူ ယူရို (၁၂) သန်းလှူဒါန်း

0
351

မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ်လျှော့ချရေး လှုပ်ရှားမှုတွေအတွက်ဥရောပသမဂ္ဂ (အီးယူ) က ယူရို (၁၂) သန်း (ကျပ် ၁၇.၇ ဘီလီယံ) ပေးအပ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

Photo – European Union in Myanmar

ဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့နှင့် ပဋိပက္ခစီမံခန့်ခွဲရေး မဟာမင်းကြီး Christos Stylianides မြန်မာပြည် တရားဝင် ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီအလှူငွေတွေကို မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားမှုတွေနဲ့ သဘာဝဘေးအန္တရာယ်လျှော့ချရေး လှုပ်ရှားမှုတွေမှာ အသုံးပြုသွားရမှာပါ။

ရန်ပုံငွေအသစ်ကိုသုံးပြီး တကယ်လိုအပ်နေတဲ့သူတွေကို အသက်ကယ် အကူအညီ တွေပေးသွားဖို့နဲ့ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းတွေ အနေနဲ့လည်း ထိခိုက်နစ်နာသူတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မှသာ ထိရောက်တဲ့အကူအညီတွေပေးနိုင်မှာဖြစ်ပါတယ်လို့လည်း Christos Stylianides က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံကိုအလည်အပတ်ခရီး ရောက်ရှိနေတဲ့ Christos Stylianides ဟာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)