ဂျပန်က နင်ဂျာတွေ ရန်ကုန်နဲ့ မန္တလေးကို လာမယ်

0
343

ဂျပန်နင်ဂျာအဖွဲ့တစ်ခုဖြစ်တဲ့ Raifujin အဖွဲ့ဟာ မြန်မာနိုင်ငံမှာရောက်ပြီး နင်ဂျာသရုပ်ပြသမှုတွေကို ပြုလုပ်ဖို့ ရှိနေပါတယ်။

အဲ့ဒီ နင်ဂျာသရုပ်ပြဖျော်ဖြေပွဲကို Japan Culture House က စီစဉ်တာဖြစ်ပြီး ရန်ကုန်မြို့၊ MICT Park မှာ မေလ ၂၁ ရက်နေ့နဲ့ မန္တလေးမြို့က မြို့တော် ခန်းမမှာ မေလ ၂၃ ရက်နေ့တွေမှာ အသီးသီး ၀င်ကြေးအခမဲ့အနေနဲ့ ကျင်းပဖို့ ရှိနေတာပါ။

PHOTO – Japan Culture House

အဲ့ဒီဖျော်ဖြေပွဲနဲ့ သရုပ်ပြပွဲအတွင်းမှာတော့ နင်ဂျာသရုပ်ပြသမှုတွေအပြင် နင်ဂျာတွေ အသုံးပြုတဲ့ လက်နက်ပုန်း ပစ်နည်း၊ အိုရိဂမိနဲ့ လက်နက်ပုန်း ခေါက်နည်းတို့ကိုပါ ဂျပန်နင်ဂျာတွေက အခမဲ့သင်ကြားပေးသွားဖို့ ရှိနေတာလဲဖြစ်ပါတယ်။

ဒါအပြင် Cosplay ကို ၀ါသနာပါသူတွေအတွက် ပြိုင်ပွဲကိုလည်း စီစဉ်ပေးထားပြီး အဲ့ဒီပြိုင်ပွဲမှာတော့ ၀င်ကြေးအနေနဲ့ တစ်ဦးကို ကျပ် ၅၀၀၀ ဖြစ်တယ်လို့ Japan Culture House က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)