နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေကျင်းမြို့ကို ရောက်ရှိ

0
350

Belt and Road Forum for International Cooperation ကို တက်ရောက်ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲအချိန်က ကူမင်းမြို့ကနေ တဆင့် အထူးလေယာဉ်နဲ့ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို  ပေကျင်းမြူနီစပယ် အစိုးရ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ Mr. Wang Yongqing အပါအ၀င် မြန်မာနိုင်ငံဆိုင်ရာ သံတမံတွေက ကြိုဆိုခဲ့ကြတာပါ။

မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာကျင်းပမယ့် Belt and Road Forum for International Cooperation ကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတွေ လိုက်သွားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)