မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာ တရုတ်ဝင်ဖို့ကြိုးပမ်း

0
351

တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းကြီးက မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတစ်လျောက်မှာရှိတဲ့ မဟာဗျူဟာမြောက် ကျောက်ဖြူရေနက်စီမံကိန်းရဲ့ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။

ရိုက်တာ သတင်းဋ္ဌာနရဲ့အဆိုအရ ဒီ ဒေါ်လာ ၇ ဘီလီယံတန်တဲ့ စီမံကိန်းကို မနှစ်က အကောင်အထည်ဖော်ခွင့် ရရှိခဲ့တဲ့ CITIC Group ဦးဆောင်တဲ့ ယာယီအကျိုးတူအဖွဲ့အစည်းက ၇၀ ရာခိုင်နှုန်းကနေ  ၈၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲ့ဒီ့သဘောတူညီမှုကြောင့် တရုတ်နိုင်ငံအနေနဲ့ မလက္ကာရေလက်ကြားကို ဖြတ်ကျော်ပြီး ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ နယ်နိမိတ်ဖြတ်ကျော်ပိုက်လိုင်းရဲ့ ရေနံသိုလှောင်ကန် တွေကို ထိန်းချုပ်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီပိုက်လိုင်းဟာ အချိန်အတော်ကြာ နှောင့်နှေးနေရာက  ပြီးခဲ့တဲ့ ဧပြီလက ဖွင့်လှစ်ခဲ့တာပါ။ အရှေ့အလယ်ပိုင်းဒေသရဲ့ ရေနံတင် သင်္ဘောတွေနဲ့ ရောက်ရှိလာတဲ့ ရေနံတွေကို တရုတ်ပြည် ကူမင်းဒေသမှာရှိတဲ့ Petro China ရေနံ သန့်စင်စက်ရုံကို ပို့လွှတ်တဲ့ ဒီပိုက်လိုင်းကနေ တရုတ်ပြည် ရေနံစိမ်း တင်သွင်းမှု စုစုပေါင်းရဲ့ အများဆုံး ၆ ရာခိုင်နှုန်းအထိ ပို့လွှတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

သဘောတူညီချက်တွေထဲမှာဆိုရင်တော့ ဒေသတွင်းမှာ အငြင်းပွားစရာ ကိစ္စရပ်တစ်ခုဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမဲ့  အထူးစီးပွားရေးဇုန် တစ်ခုလည်း ပါဝင်နေပါတယ်။

မြန်မာ့နိုင်ငံအရေး တက်ကြွလှုပ်ရှားသူတွေကတော့ မြေယာသိမ်းပိုက်မှုတွေက ဒေသခံအများအပြားရဲ့ အကျိုးစီးပွားကို ထိခိုက်စေလိမ့်မယ်လို အခိုင်အမာ ပြောကြားနေကြပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက မငြိမ်သက်မှုတွေကလည်း တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက် အကောင်အထည် ပေါ်ရေးအတွက် အဟန့်အတား တစ်ခုဖြစ်နေပါတယ်။

ရိုက်တာ သတင်းရင်းမြစ်ရဲ့ တင်ပြချက်အရတော့ တရုတ်ဟာ လက်လွှတ်ခဲ့ရတဲ့ ကချင်ပြည်နယ်မြစ်ဆုံရေကာတာစီမံကိန်း အစား ဒီစီမံကိန်းမှာ အခွင့်အရေး ပြန်လည်ရယူလိုတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမြစ်ဆုံ ရေကာတာစီမံကိန်းဟာ ဆိုရင်လည်း ထွက်ရှိလာမဲ့ ၉၀ ရာခိုင်နှုန်းသော လျပ်စစ်စွမ်းအင်တွေကို ယူနန်ပြည်နယ်မှာ ရောင်းချဖို့ ပို့လွှတ်မှာဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံအနေနဲ့ အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာတွေကတော့ တရုတ်နိုင်ငံရဲ့ လတ်တလော စီးပွားရေး တိုးတက်မှုများအပေါ် အကောင်းမြင်တဲ့ဖက်က ရေးသားဖေါ်ပြကြပါတယ်။ ဆင်ဟွာသတင်းဌာနက ဒေသခံရွာသား တစ်ဦးရဲ့ စကားကို ကိုးကား ဖော်ပြခဲ့ရာမှာတော့ “ ကျွန်တော်တို့က ဒီစီမံကိန်းကို အပြည့်အ၀ ထောက်ခံပါတယ်။

အရင်က မိုးရေကို အသုံးပြုခဲ့ရပြီး အခုချိန်မှာတော့ ရေကောင်းရေသန့်ကို ရရှိ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ တကယ်ကိုပဲ အဆင်ပြေ ကောင်းမွန်ပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေအပေါ် ကျွန်တော်တို့က အားပေးထောက်ခံပါတယ်။” လို့ ပါရှိပါတယ်။

(http://maritime-executive.com/article/china-seeks-control-of-strategic-port-in-myanmar သတင်းဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုထားပါတယ်။)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)