အစိုးရက အသည်းရောင်အသားဝါစီ ရောဂါလူနာ ၂ဝဝဝ ကို အခမဲ့ဆေးကုသမှုပေးမယ်

0
302

NLD အစိုးရ မေလနောက်ဆုံးပတ်က စတင်ပြီး အသည်းရောင်အသားဝါစီ ရောဂါလူနာ ၂ဝဝဝ ကို အခမဲ့ဆေးကုသမှုပေးသွားဖို့ ရှိနေပါတယ်။

ဒီလို အခမဲ့ဆေးဝါးကုသပေးမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ကျန်းမာရေးဌာနက လက်အောက်ရှိ ဦးစီးဌာနတွေက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မေလ ၁၂ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ ကြတာပါ။

အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစီမံချက်တွေထဲမှာတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်အထူးကုဆေးရုံကြီး အသည်းရောဂါဌာနနဲ့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနတွေက အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)