ICRC ရဲ့ လုပ်ငန်းတွေ မှန်မှန်ကန်ကန် ဖြစ်ဖို့ အရေးကြီးတယ်လို့ ကာချုပ်ဆို

0
304

ICRC  ရဲ့ လုပ်ငန်းတွေ မှန်မှန်ကန်ကန် ဖြစ်ဖို့ အရေးကြီးတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – ကာကွယ်ရေးဦးစီးချုပ်ရုံး

မေလ ၁၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ရဲ့ ဥက္ကဋ္ဌ Mr. Peter Maurer ကို လက်ခံတွေ့ဆုံစဉ် အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ICRC ဘက်က တင်ပြထားတဲ့ တပ်မတော်နဲ့ ICRC  ကြား ထိတွေ့ဆက်ဆံမှု နယ်ပယ်အဆင့်ဆင့်မှာ Contact Person တွေထားရှိ ဆောင်ရွက်ပေးမယ့် ကိစ္စကို ပြောကြားစဉ် အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် တပ်မတော်အနေနဲ့ မိုင်းရှင်းလင်းရေးကိစ္စရပ်တွေကိုလည်း ပူးပေါင်းဆောင်ရွက်ပေးမယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒါအပြင် ခြေတုလက်တုတပ်ဆင်ရေး ကိစ္စရပ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အရပ်ဖက်ကိုအဓိကထား ကူညီဆောင်ရွက်ပေးဖို့ကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)