ခြေ/ဥ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရာမှာ ရှုံးပေမယ့် ရလဒ်မှာ နိုင်ငံရေးအရ နိုင်တယ်လို့ မုံရွာအောင်ရှင် ပြော

0
638

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ရှုံးပေမယ့် နိုင်ငံရေးအရ နိုင်တယ်လို့ NLD ပါတီက ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားခဲ့ပါတယ်။

မနေ့က မတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ဟံသာဝတီဦးဝင်းတင် နှစ် ၉ဝပြည့် မွေးနေ့အခမ်းအနားမှာ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောခဲ့တာပါ။



၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ   ရှုံးပေမယ့် နိုင်ငံရေးအရ နိုင်တယ်လို့ NLD ပါတီက  ဗဟိုပြန်ကြားရေးကော်မတီ  အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားခဲ့ပါတယ်။

မနေ့က မတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့  ဟံသာဝတီဦးဝင်းတင် နှစ် ၉၀ပြည့် မွေးနေ့အခမ်းအနားမှာ ဗဟိုပြန်ကြားရေး ကော်မတီ  အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောခဲ့တာပါ။

လွှတ်တော်မှာ ဆန္ဒမဲ ပေးတဲ့အခါ အံံ့သြစရာကောင်းကြောင်းနဲ့ ကျွန်တော်တို့နဲ့အတူ တိုင်းရင်းသား မျိုးနွယ်စု ပါတီအများစုက NLD ဘက်ရပ်တည်ပြီး ဆန္ဒမဲပေးခဲ့ကြောင်းနဲ့ အဲဒါကြောင့် ဆန္ဒမဲပေးတဲ့ ဖြစ်စဉ် အဖြေအရ ရှုံးခဲ့ပေမယ့် ရလာဒ်အရ နိုင်ငံရေးအရ NLD နိုင်တယ်လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)