ကိုးကန့်မှာ အမြောက်ကျည်ဆန် စာသင်ကျောင်းပေါ် ကျလို့ တရုတ်ဆရာ တစ်ဦးသေ

0
308

ကိုးကန့်မှာ ပဋိပက္ခဖြစ်ပွားရာက ပစ်လိုက်တဲ့ အမြောက်ကျည်ဆန် က စာသင်ကျောင်း တစ်ကျောင်းပေါ် ကျရောက် ပေါက်ကွဲပြီး တရုတ်ကျောင်းဆရာ တစ်ဦး သေဆုံးသွားပါတယ်။

မတ်လ ၁၁ ရက်နေ့ညက ဟောင်ယန် စာသင်ကျောင်းကို အမြောက်ဆန် ထိမှန်တာဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ဂို ရှောက်ဝေ ဆိုသူ ကျောင်းဆရာ သေဆုံးသွားတာပါ။ ဒဏ်ရာ ရသူတွေလည်း ရှိပြီး အရပ်ဖက် အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ China Central ရုပ်သံက ထုတ်လွှင့် သွားပါတယ်။

အစိုးရတပ်ဘက်က ပစ်တာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြသွားပါတယ်။ မြန်မာ ကျောင်းသားတွေကတော့ စနေနေ့မှာ အတန်းမရှိတဲ့အတွက် ကျောင်းမလာကြလို့ ထိခိုက်မှု မရှိပါဘူး။

အမြောက်ဆန် ထိမှန် သေဆုံးသူ ကျောင်းဆရာ ဂို ရှောက်ဝေဟာ ယူနန်ပြည်နယ်က ဖြစ်ပြီး ၁၉၉၉ ခုနှစ် ကိုးကန့်ကို မရောက်ခင် ကျောင်းဆရာ ရှစ်နှစ် လုပ်ခဲ့ပါတယ်။ ကိုးကန့်မှာ အလုပ်လျှောက်တော့ ဟောင်ယန် စာသင်ကျောင်းမှာ ဆရာအဖြစ် ခန့်ထားခဲ့တာပါ။

ဂို ရှောက်ဝေက နှစ်ဦးမြောက် သေဆုံးတဲ့ တရုတ်နိုင်ငံသား ဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့ကလည်း နယ်စပ်အနီး ရွာမှာနေတဲ့ ယန် ဆိုသူ ရွာသားတစ်ဦးလည်း အမြောက်ဆံ ထိမှန်သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)