ကိုးကန့် MNDAA အရပ်သား ၃၂၀ ကို ပြန်ပေးဆွဲ လူသစ်စုဆောင်း

0
327

ဖုန်ကြားရှင်နဲ့ ဖုန်တာရွှင်တို့ ဦးဆောင်တဲ့ ကိုးကန့် MNDAA လက်နက်ကိုင်အဖွဲ့ဟာ မတ်လ ၆ ရက်နေ့က ဟိုတယ်များကို စီးနင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၃၂၀ ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးသွားတယ်လို့ တပ်မတော် အာဘော် မြဝတီသတင်းကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖူလီလိုက်ဟိုတယ်ကို အကြမ်းဖက်မှု ဖြစ်စဉ်မှာ ဟိုတယ်က ယွမ်ငွေ သိန်း ၃ ထောင်ကို ယူဆောင်သွားပြီး ဝန်ထမ်းအမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၂၀၀ ဦးတို့ကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

တရုတ်နိုင်ငံသား ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၁၁၀ ဦးနဲ့ အမျိုးသမီး ၁၅၀ ကို နန်စန်မြို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ အဲဒီကတစ်ဆင့် ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်ဒေသမှာ စစ်သင်တန်း တက်ခိုင်းမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ပြန်စပြီးနောက် အရပ်သား ၅ ဦး၊ ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦးသေဆုံးပြီး ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)