လောက်ကိုင် တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ကျဆင်း

0
430

ကိုးကန့် ဒေသ လောက်ကိုင်မှာ အစိုးရတပ်မတော်နဲ့ ကိုးကန့် MNDAA လက်နက်ကိုင် တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ကျဆင်းနေပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်မှာ အကြီးဆုံးဖြစ်တဲ့ မူဆယ် ကုန်သွယ်ရေးဇုန်လည်း ပိတ်ထားရပြီး ချင်းရွှေဟော် နယ်စပ်ဂိတ်တစ်ခုသာ ဖွင့်ထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ အဓိက ကုန်သွယ်ရေး လမ်းကြောင်းတွေက မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီတို့ ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ချင်းရွှေဟော်ကတဆင့် ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၅၀၃ သန်းအထိ ရှိပါတယ်။ ပို့ကုန်က ဒေါ်လာ ၄၅၄ သန်းကျော် ဖြစ်ပြီး သွင်းကုန်က ဒေါ်လာ ၄၈ သန်းကျော်ဖိုး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)